ရန်ကုန်မြို့ကို ခရိုင် (၁၀) ခု တိုးချဲ့ဖွဲ့စည်းမည် (အုပ်ကြီးတွေ ထပ်တိုးလာတော့မှာလား)

တစ်နိုင်ငံလုံးအတိုင်းအတာမှာ ခရိုင် ၄၂ ထပ်တိုးသွားမယ့် သတင်းတွေ လူမှုန်ကွန်ယက်မှာ ထွက်ပေါ်နေပါတယ်။

စကစက ပြောထားတဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု စနစ်ကျင့်သုံးဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လက်ရှိ ခွဲထာားတဲ့ အရှေ့ပိုင်း/အနောက်ပိုင်း/တောင်ပိုင်း/မြောက်ပိုင်းခရိုင်များအပြင် နောက်ထပ် (၁၀)ခရိုင်ထပ်တိုးလာရန်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေခြင်း ဖြစ်ပါတယ်။

ထပ်တိုးမယ့် ၁၀ ခရိုင်မှာ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ ဗိုလ်တစ်ထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ တွံ့တေးခရိုင်၊ ကျောက်တံတားခရိုင်၊ မရမ်းကုန်းခရိုင်၊ ကမာရွတ်ခရိုင်ဟု ကနဦး သိရှိရပါတယ်။

ထို့အပြင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတို့မှာ ခရိုင် ၃၀ ကျော်ထပ်တိုးသွားဦးမှာဖြစ်ပြီး တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် ယခင်က ခရိုင်ပေါင်း ၇၄ ခရိုင်ရှိခဲ့ရာမှ ထပ်တိုးလာမည့်သတင်းများအရ စုစုပေါင်း ၁၁၆ ခရိုင်အထိ ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page