ပြင်ဦးလွင်ရှိ ကျေးရွာနဲ့ရပ်ကွက်အချို့ကို စည်ပင်ဧရိယာအဖြစ်သတ်မှတ် (မြေဝယ်ထားသူတွေ ကြည့်ပေးကြပါ)
ပြင်ဦးလွင် မှာမြေ၀ယ်ထားတဲ့သူများ သေချာကြည့်ပေးကြပါ။ အောက်မှာ ဖော်ပြထားတဲ့ စာရွက်ထဲမှာ ပါတဲ့ ကျေးရွာနဲ့ ရပ်ကွက်တွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက စည်ပင်နယ်နိမိတ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
ကိုယ်၀ယ်ထားတဲ့မြေနေရာတွေ စည်ပင်နယ်နိမိတ်အတွင်းမှာ ပါသွားလား မပါသွားလားဆိုတာကို ကွင်းအမှတ်တွေနဲ့ တိုက်စစ်ကြည့်လို့ရပါတယ်။
စည်ပင်နယ်နိမိတ်ထဲ ပါသွားရင် အခွန်စည်းကြပ်မှုတွေ ပြောင်းလဲသွားမှာ ဖြစ်ပြီး မြေဈေးနှုန်းတွေ တိုးမြင့် ရရှိလာနိုင်သလို လယ်ယာမြေ မဟုတ်တော့တဲ့အတွက် လုပ်ထုံး လုပ်နည်းတချို့ ပြောင်းလဲသွားနိုင်တယ်လို့ သိရပါတယ်။
မြို့ပြစည်ပင်သာယာရေး လုပ်ငန်းတွေထဲမှာ ပါဝင်လာမှာ ဖြစ်ပြီး ဥပဒေနဲ့ မညီညွှတ်ရင် ရှင်းလင်းဖျက်သိမ်းနိုင်တယ်လို့လည်း ထပ်ဆင့် ကြားသိရပါတယ်။