ကူးစက်အလွန်မြန် ကိုဗစ်မျိုးကွဲ အိုမီခရွန်ရဲ့ ရောဂါလက္ခဏာများ (ကိုဗစ်အသိ၊ ကိုဗစ် သတိ ရှိကြပါ)

ကမ္ဘာအရပ်ရပ်မှာ အိုမီခရွန် ကိုဗစ်မျိုးစိတ်ဟာ ဟာ ဒယ်လ်တာမျိုးစိတ်ကို ကျော်ပြီး ပထမ ဗိုလ်စွဲ နေပါပြီ။

အိုမီခရွန်ရဲ့ လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်-

၁။ ပင်ပန်းနွမ်းနယ်ခြင်း။ ( အပြင်း၊ အပျော့) ၂။ နှာရည်ယိုခြင်း၊ နှာချေခြင်း။ ၃။ခေါင်းကိုက်ခြင်း။ ၄။ လည်ချောင်းနာခြင်း။

အမေရိကန်နိုင်ငံ CDC ရဲ့အဆိုအရ…

၁။ အိုမီခရွန်ဟာ ဆေးမထိုးထားတဲ့ လူတသိန်းမှာ ၄၅၁ ယောက်ကို ကူးစက်တာ တွေ့ရပါတယ်။ (ဆေးထိုးတယ်ဆိုတာ Pfizer, Moderna ဆေးအမျိုးအစားကိုပြောတာပါ)

၂။ ဆေး နှစ်ကြိမ် ထိုးထားတဲ့လူတသိန်းမှာ ၁၃၄ ယောက် ကို ကူးစက်ပါတယ်။

၃။ ဆေး သုံးကြိမ်ထိုးထားတဲ့ လူ တသိန်းမှာ ၄၈ ယောက်ကို ကူးစက်ပါတယ်။

၄။ ဆေးမထိုးထားတဲ့ လူ တသိန်း မှာ ၆ ယောက်သေဆုံးပါတယ်။

၅။ ဆေး ၂ ကြိမ် ထိုးထားတဲ့ လူတသိန်းမှာ ၀.၅ ယောက် သေဆုံးပါတယ်။ တသန်းမှာ ၅ယောက်သေဆုံးနိုင်ခြေလို့ ပြောခြင်း ဖြစ်ပါတယ်။

၆။ ဆေး သုံးကြိမ်ထိုးထားတဲ့ လူတသိန်းမှာ သေဆုံးနှုံး ၀.၁% ပဲရှိပါတယ်။ တသန်းမှာ တယောက်နှုံး ဆုံးရှုံးပါတယ်။

အိုမီခရွန်ဟာ ပျော့တယ်လို့ ဆိုကြပေမယ့် အသက်အရွယ် ကြီးရင့်သူတွေ ရောဂါအခံရှိသူတွေအတွက် မမှန်ပါဘူး။ အန္တရာယ်များပါတယ်။

ကျမ်းမာချမ်းသာကြပါစေ။
Kyaw Swa Min

Leave a Reply

Your email address will not be published.

x

You cannot copy content of this page