ကျင်ငယ်ရေကနေ လျှပ်စစ်ဓာတ်အား ထုတ်နိုင်ပါပြီ (မီးထွန်းရုံသာမက ဖုန်းပါ အားသွင်းနိုင်တော့မည်)

ကမ္ဘာကြီးရဲ့ သန်းထောင်နဲ့ ချီတဲ့ လူသားတွေဟာ လျှပ်စစ် ဓါတ်အား မရကြသေးဘဲ ရေရှည်တည်တန့်နိုင်တဲ့ လျှပ်စစ် စွမ်းအင် လိုအပ်နေတယ်လို့ သိရပါတယ်။

အခုတော့ ကိုလမ်ဘီယာက ရေရှည်တည်တန့်နိုင်တဲ့ စွမ်းအင်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီ တခုက အဲဒီ ပြဿနာကို ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။ E-Dina လို့ခေါ်တဲ့ ကုမ္ပဏီက နည်းပညာအသစ်တခုကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီက ကျင်ငယ်ရေနဲ့ ပင်လယ် ဆားငန်ရေကနေ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ပေးနိုင်တဲ့ မီးအိမ်ကို ဖန်တီးလိုက်ပါတယ်။ မီးအိမ်ကို WaterLight လို့ နာမည်ပေးထားပြီး ကိုလမ်ဘီယာ အေဂျင်စီ ၁ ခု ဖြစ်တဲ့ ဝမ်းဒါးမန်း သွမ်မဆန် နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

မီးအိမ်မှာ ကျင်ငယ်ရေ သို့မဟုတ် ဆားငန်ရေ ၅၀၀ မီလီလီတာ ထည့်သွင်းထားရမှာ ဖြစ်ပြီး တခါ ထည့်ထားရင် ၄၅ ရက်တောင် အသုံးခံပါတယ်။

WaterLight ဟာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးတဲ့ လုပ်ငန်းလည်း ပါဝင်ပြီး မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် ကိရိယာတွေကို ယူအကစ်ဘီအပေါက် ကနေ အားသွင်းပေးနိုင်ပါတယ်။ တံငါသည်တွေ ညအချိန်မှာ ငါးမျှားထွက်နိုင်အောင် ကူညီပေးနိုင်ပါသေးတယ်။

ဝမ်းဒါးမန်းသွမ်မဆင် ကုမ္ပဏီကတော့ အဲဒီ မီးအိမ်ဟာ ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ကို အသုံးပြုထားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထုတ်လုပ်ရောင်းချနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page