ရွှေပြည်သာရှိ ကျူးကျော်များကို တပတ်အတွင်း ရှင်းမည်၊ မလိုက်နာပါက ထောင် ၃ နှစ် ချမည်ဟုဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်အဆောက်အအုံမှန်သမျှကို ဖေဖော်ဝါရီ ၁၀ ရက်အတွင်း ဖယ်ရှားပစ်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကျူးကျော်နေထိုင်သူများထံ ဖေဖော်ဝါရီ ၂ ရက်နေ့က အကြောင်း ကြားစာ ပေးပို့ထားပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အကြောင်းကြားသည့်စာတွင် လမ်းနယ်အတွင်းရှိ ကျူးကျော်အဆောက်အအုံများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျူးကျော်များအနေဖြင့် ကျူးကျော်အဆောက်အအုံနှင့် ထားရှိထားသော စုပုံပစ္စည်းများအား အကြောင်းကြားစာရရှိသည့်နေ့မှ စ၍ တပတ်အတွင်းအပြီး ဖျက်သိမ်းဖယ်ရှား ရှင်းလင်းပေးရန် ဖော်ပြထားပါတယ်။

ထို့အပြင် ရွှေပြည်သာမြို့၌ တရားမဝင်ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်ခြင်းမှ ဖယ်ရှားပေးရန်၊ ထပ်မံကျူးကျော် ခြင်းမပြုရန်နှင့် ဆက်လက်ကျူးကျော်ခြင်းများ မပြုလုပ်ရန် ကျူးကျော်ပါက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၃၃ အရ ထောင် ၃ နှစ် ပြစ်ဒဏ်ချ အရေးယူခံနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

စကစ အာဏာသိမ်းပြီးသည့်နောက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုင်းအတွင်းရှိ ကျူးကျော်များ ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ရှင်းလင်းလျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page