ကားမှန်ခွဲပြီး ပစ္စည်းတွေမွှေနှောက်သွားတဲ့အပြင် ကားပေါ်က ငှက်သိုက်ဘူးပါ ယူသောက်သွားတဲ့ သူခိုး

လတ်တလော ရန်ကုန်မြို့မှာ ကားမှန်ခွဲလုယက်မှုတွေ တဖြည်းဖြည်း များလာတာကို တွေ့ရပါတယ်။ ခြံဝန်းနဲ့ ကားပါကင်တွေ ရှားပါးလှတဲ့ ရန်ကုန်မြို့လယ်နေရာတွေမှာတော့ ကားတွေကို လမ်းမပေါ်မှာသာ ညအိပ် ရပ်ထားရတာ ဖြစ်ပါတယ်။

လမ်းပေါ်က ကားတွေကို ဘက်မှန်ဖြုတ်ယူခြင်း၊ ဘီးဖုံးဖြုတ်ယူခြင်းတို့ အမြဲတမ်းပြုလုပ်ခံရပြီး အခုနောက်ပိုင်း ကားမှန်ခွဲ လုယက်မှုတွေပါ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။ ယခုဖြစ်စဉ်မှာတော့ ကားမှန်ခွဲ၊ ကားထဲဝင်ပြီး သူခိုးက စိတ်ကြိုက်မွှေနှောက်သွားတာ ဖြစ်ပါတယ်။ အလုံမြို့နယ် နွယ်နီလမ်းမှာ ဖြစ်သွားခဲ့တာလို့ သိရပါတယ်။

ထူးဆန်းတာက သူခိုးက ကားထဲက ငှက်သိုက်ဘူးကိုပါ ယူသောက်သွားတယ်လို့ သိရပါတယ်။ ကားပိုင်ရှင် ကိုယ်တိုင်ရေးသားထားမှုတွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်-

လမ်းဘေး မှာ ကားညအိပ် ရပ်ထား ရသူဖြစ်လို့ ဒါမျိုး တချိန်ချိန် ကြုံလာမယ်ဆိုတာ ကြိုတွေးပြီးသား မို့ ဘာ feeling မှ မရှိပါဘူး။ ဒီနိုင်ငံမှာ ဒီအဖြစ်ပျက်တွေက ထူးဆန်းတဲ့ အရာတွေမှ မဟုတ်တော့တာ။

ငွေသား အနည်းငယ် ပါသွားပေမယ့် ဝီးတက်တို့လို အခြား အရေးပါတဲ့ ကဒ်တွေတော့ မယူသွားလို့ အဆင်ပြေပါတယ်။ တန်ဖိုးရှိတဲ့ အရာတွေ ကားထဲ မထားပါနဲ့ ကိုယ့်အလှည့် သေချာပေါက် ရောက်လာမှာပါ။

ဘာလို့ ဒီလို စကားမျိုးပြောလည်း ဆိုတော့ ဒီနေ့ကားမှန် လိုက်လဲတာ မှန်ဆိုင်တိုင်းလိုလို ကျွန်တော့်လို အလားတူတဲ့ ကားတွေ ၁၀ စီးထက်မနည်း တွေ့ခဲ့ရလို့ပဲ။ ရန်ကုန်အလုံလည်း မလုံခြုံတော့ဘူး။ (Ye Zaw)

ရန်ကုန်လမ်းဘေးတွေမှာ ရပ်ထားတဲ့ ကားတွေအတွက် လုံခြုံမှုကို ဘယ်သူမှ အာမ မခံနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကားပိုင်ရှင်တွေအနေနဲ့ ရင်တထိတ်ထိတ်နဲ့ ညမအိပ်နိုင်ဖြစ်နေရပြီး စိတ်ဆင်းရဲမှုကို ခံစားနေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page