ဧည့်စာရင်းတိုင်မှသာ မန်းရွှေစက်တော်ဘုရားကို ညအိပ်ဖူးခွင့်ရမည်ဟု ဂေါပကအဖွဲ့ ထုတ်ပြန်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၌ ညအိပ်တည်းခိုလိုသည့် ဘုရားဖူးသူများသည် လိုအပ်သည့် အချက်အလက်များပါရှိမှသာ ညအိပ်တည်းခိုခွင့်ရမည်ဖြစ် သည်ဟု မန်းရွှေစက် တော်ဘုရားဂေါပကအဖွဲ့မှ သိရပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်အား တပိုတွဲလ ဆန်း ၅ ရက်နေ့မှစတင်၍ ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိပြီး ဘုရားဖူးလာသူများအား ဖူးမြှော်ခွင့်ပြုထားပါတယ်။
ယင်းသို့ ဘုရားဖူးမြှော်ခွင့်ပြုထားသော်လည်း မန်းချောင်းအနီး၌ ဖွင့်လှစ်ထားသည့် တည်းခိုဆောင်အလုံး ၉၀ ကျော်တွင် ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်မပြုဘဲ နေ့ဘက်သာတည်းခိုခွင့်ပြုထားတယ်လို့ သိရပါတယ်။
ညအိပ်တည်းခိုလိုသည့် ဘုရားဖူးများသည် မန်းရွှေစက်တော်ဘုရားအနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ဓမ္မာရုံများ၊ သာသနိကအဆောက်အဦးများ၌ ညအိပ်တည်းခိုနိုင်သည်ဟု ဂေါပကအဖွဲ့မှ ပြောကြားပါတယ်။
ညအိပ်တည်းခိုရာတွင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ ကိုဗစ် ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြသ၍ ဧည့်စာရင်းတိုင်ကြားပြီးမှသာ ညအိပ်တည်းခိုခွင့်ရမယ်လို့ သိရပါတယ်။
ဘုရားဖူးများသည် ခြေတော်ရာအား ရွှေသင်္ကန်း ကပ်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ နဂါးစားကျွေးခြင်း၊ ငါးလွှတ်ခြင်းနှင့်မန်းချောင်းအတွင်း ရေချိုးအပန်းဖြေခြင်းများ ပြုလုပ်လေ့ ရှိပါတယ်။