ကားနောက်ခန်း ကုန်တင်တဲ့နေရာမှာ စတီးတံခါးတပ်ထားတဲ့သူတွေကို မေတ္တာရပ်ခံခြင်း (အန္တရာယ်ရှိလို့ပါ)

ခွေးဘီလူးတို့၊ ဆူဇူကီး ကယ်ရီလေးတွေရဲ့ နောက်က ကုန်တင်ခန်းကို စတီး တံခါးတပ်ထားတဲ့ကားပိုင်ရှင်တွေကို မေတ္တာရပ်ခံချင်ပါတယ်။

ညနေ ၄း၅၀ လောက်က ကြုံခဲ့ရတာလေးပါ။ ညနေဘက် အိမ်အပြန် ကျွန်တော့်ရှေ့ကားရဲ့ စတီးတံခါး တွေကို နေထိုးတဲ့အခါ စတီးက ပြန်တဲ့နေရောင်က နောက်ကလိုက်လာတဲ့ကားကို အရမ်းအနှောင့်အယှက်ဖြစ်စေပါတယ်။

နေရောင်က တိုက်ရိုက်ကျနေတော့ မျက်စိကို ပြန်တဲ့ နေရောင်က ဘယ်လိုမှကို ရှေ့လမ်းကိုကြည့်လို့ မမြင်ရလောက်အောင် စူးရှလွန်းတာပါ။ လမ်းရှင်းနေလို့သာ တော်ပါသေးတယ်။ စက်ဘီးတွေ လူတွေရှုပ်တဲ့ နေရာဆို တကယ် အန္တရာယ်များပါတယ်။

ခပ်ဝေးဝေးကခွာလိုက်ရင် သက်သာမယ်ထင်ပြီး အရှိန်လျှော့ပေမယ့်လည်း မထူးပါဘူး။ ခပ်ဝေးဝေးရောက်တဲ့အထိ အောက်က ပုံထဲကအတိုင်း အရောင်စူးနေဆဲပါပဲ။

နေထိုးတာက ဆန်းရှိတ် ချပြီးကာလို့ရပေမယ့် ခုလိုမျက်စိနဲ့တစ်တန်းတည်းနေရာက နေရောင်ပြန်ထိုးနေတာက ဘယ်လိုမှကာလို့ အဆင်မပြေပါဘူး။

နောက်ဆုံးတော့ ဘယ်လိုမှ မောင်းလို့မရ ရှောင်လို့မရနဲ့ မတတ်သာတဲ့အဆုံး လမ်းဘေးထိုးရပ်ပြီး အဲ့ဒီကား မြင်ကွင်းကပျောက်သွားမှပဲ ပြန်မောင်းခဲ့ရတယ်။ ဒါကြောင့် နောက်တံခါးကို စတီးတံခါး တွေတပ်ထားတဲ့ ကားပိုင်ရှင်များ တပ်ပြီးရင် ပြီးရောမလုပ်ဘဲ အလင်းပြန်ပြီး နောက်ကကားတွေကို အန္တရာယ်မဖြစ်စေနိုင်အောင် အဲ့ဒီ စတီးချောင်းတွေကို စတစ်ကာလေးတွေဖြစ်ဖြစ် ကပ်ကြပါဦးလို့ အကြံပြုပါရစေ။

Ben Phillips

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page