ကြမ်းတမ်းတဲ့ လက်တစုံက ရောင်းတဲ့ နူးညံ့တဲ့ ပေါင်မုန်လေးတွေကို လမ်းကြုံရင် အားပေးလိုက်ကြပါဗျာ

တနေကုန် ပတ်ရောင်းလို့…ဒီလောက် မရဖူးဘူး

ကားနှင့် ဖြတ်သွားရင်း…အဖိုး စက်ဘီးလေးတွန်းပြီ လမ်းကူးနေတာလေး တွေ့လိုက်မိ၊ အဖိုးရေ…လာပါအုံး ဗျ? ပေါင်မုန့် ဝယ်ချင်လို့ပါ ဗျ။ လာပြီ သားရေ…(ခြေထောက်နာနေပုံပဲ ထော့နဲ့ ထော့နဲ့နဲ့)

ဘယ်လိုရောင်းပါလဲ အဖိုး၊ တထုပ် – ၁ထောင်ပါ သားရေ… ဟုတ် အဖိုး…ဘယ်နှထုပ်ရှိလဲ…ငါးစာကျွေးချင်လို့ပါ။ သားရေ…(၃)ထုပ်ရှိတယ် သား။ ဒါဆိူ အကုန် ယူမယ်ဗျာ။

ကျေးဇူးပါ သားရယ်…အဖိုး ဖြုတ်ပေးမယ်နော်။ ဟုတ် အဖိုး…ရော့ ၃၀၀၀၀ ကျပ် နော်။ ဟာ…သား ၃ထောင်ပဲ ကျတာလေ။ ဟုတ်တယ် အဖိုး…သား တထုပ်ကို ၁သောင်းပေးဝယ်တာပါ။

ကျေးဇူးတင်လိုက်တာ သားရယ်…တနေကုန် ပတ်ရောင်းရင်တောင် ဒီလောက်ထိ မရဖူးဘူး…ကျေးဇူးတင်လိုက်တာ။ ဟုတ် အဖိုး…အိမ် ဂရုစိုက်ပြီပြန်နော်…

သားရေ…သား နာမည်လေး ပြောပါအုံး…အဖိုးကို ခုလို ကူညီတာလေး သားနဲ့ (၂)ယောက် ပုံလေး ရိုက်သွားပါလား…မိဘတွေကို ပြောပြပြီ သာဓုခေါ်ခိုင်းပါ သားလေး။

ဟုတ် အဖိုး…ဒါဆို အဖိုးလဲ ဂရုစိုက်ပြီ ပြန်ပါနော်။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…အဖိုး လက်လေးတွေ ကြည့်ပြီ…ရင်ထဲ အတော် ခံစားရတယ် ဗျာ။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page