မန္တလေးက ပျောက်ဆုံးနေတဲ့ (၅) နှစ်သားလေးကို ပြန်တွေ့ (တရားခံက ထင်တောင် မထင်ရဘူး)

မန္တလေးခရောစ့်ဆင့်မုန့်ဆိုင်၊ ၇၁လမ်း၊ လမ်း၃၀×၃၁လမ်းကြား ရန်မျိုးလုံရပ်ကွက်မှာ ပျောက်ဆုံးသွားတဲ့ သားလေး မောင်ဇွဲဝေယံထွန်း အသက်(၅)နှစ် ၄ လကို ၅ ရက် ကြာပြီးနောက် (၆) ရက်မြောက်နေ့မှာ ပြန်လည်တွေ့ရှိခံပြီ ဖြစ်တယ်လို့ ကလေး မိဘတွေက ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းမှာ အသိပေးလိုက်တာ ဖြစ်ပါတယ်။

“နိုင်ငံတဝှမ်းကနေပြီး သားသားလေးကို စေတနာ၊ မေတ္တာထားပြီး ပြန်‌တွေ့ဖို့ ဝိုင်းဝန်းဆုတောင်း‌ပေးကြတဲ့ ကျေဇူးရှင် မိဘပြည်သူများအားလုံးကို ကျွန်တော် ကျွန်မတို့နဲ့ သားသားလေးတို့က ကျေးဇူးတင် ကန်တော့ပါတယ်။သားသားလည်း စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာရှိပါတယ်” လို့ ကလေးငယ်ရဲ့ ဖခင် ဦဟန်မျိုးဝင်းကပြောပါတယ်။

ကလေးငယ်ကို မည်ကဲ့သို့ ပြန်လည်တွေ့ရှိရကြောင်း မိဘတွေက ထုတ်မပြောသေးပေမယ့် စုံစမ်း သိရှိရတဲ့ သတင်းအရ ဘေးအိမ်က အသက် (၅၀) အရွယ် အမျိုးသမီးက ခေါ်ဆောင်သွားတာလို့ သိရပါတယ်။ ဘေးအိမ်ရဲ့ အပေါ်ထပ်မှာ ကလေးကို စောင်နဲ့ အုပ်ထားပြီး ၅ ရက်ကြာ ဖွက်ထားတယ်လို့ သိရပါတယ်။ ကလေးငယ်ကိုလည်း -ိုက်နှက်ထားတဲ့ လက္ခဏာအချို့ကို တွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီသွားတယ်လို့ သိရပါတယ်။ ကလေး နေထိုင်တဲ့ အိမ်ရဲ့ တောင်ဘက်ဘေး အိမ်ကပ်လျက်က တံခါးအမြဲပိတ်ထားကြောင်း၊ လူရှိလျက်နဲ့ လူမှုရေးအရ လာရောက် မေးမြန်းခြင်း မရှိကြောင်း၊ ထို့ကြောင့် မသင်္ကာသဖြင့် ယနေ့မနက် အစောပိုင်းမှာ ရဲများနဲ့ ဝင်ရောက် ရှာဖွေခဲ့ရာ အိမ်အပေါ်ထပ်တွင် ကလေးကို စောင်နဲ့ အုပ်ထားကြောင်း မျက်မြင်သက်သေ တဦးက ပြောပါတယ်။

အဆိုပါ မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးမှုကို ဖခင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပြီးနောက် တနိုင်ငံလုံးက ဝမ်းနည်းပူဆွေးခဲ့ကြပြီး အမြန်ပြန်တွေ့ပါစေကြောင်း ဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ ယခုရက်ပိုင်းတွင် ကလေးပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး အရေအတွက် အနည်းငယ်သာ ပြန်လည် တွေ့ရှိနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page