စင်ကာပူကတောင် လာရောက် အတုယူခဲ့ရတဲ့ ရန်ကုန် ဦးဝိစာရလမ်းအကြောင်း
ဦးဝိစာရလမ်း၊ရန်ကုန်မြို့၊ ၁၉၆၀ နှစ်ဝန်းကျင်မှာ စင်ကာပူနိုင်ငံက လူကြီးတွေက ဦးဝိစာရလမ်းကို လာလေ့လာ အတုယူခဲ့ရတယ်တဲ့။
တချိန်တုန်းက အကောင်းဆုံးလမ်း ဖြစ်ခဲ့တယ်တဲ့။ လမ်းတလျှောက်မှာ ခရေပင်တွေ၊ ရေတမာပင်တွေနဲ့ စိမ်းစို အုပ်ဆိုင်းနေပြီး သန့်ရှင်း ကောင်းမွန်တဲ့ လေးလမ်းသွား လမ်းကျယ်ပါ။
ပလက်ဖောင်းဘေးတွေမှာ ရေဆင်းတဲ့ သံဇကာပေါက်တွေ ရှိပါတယ်။ ဦးဝိစာရလမ်းပေါ်မှာ အမျိုးသားရေကူးကန် ရှိပြီး ၁၉၆၀ ခုနှစ်အကျော်မှာ အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တယ်တဲ့။
အာရှကျွန်းဆွယ်အားကစားပွဲအတွက် ကျင်းပ ကစားလို့ရအောင် ဒီအမျိုးသားရေကူးကန်ကို အဲ့ဒီအချိန်ကတည်းက နိုင်ငံတကာအဆင့်မီ အမျိုးသား ရေကူးကန်အဖြစ် တည်ဆောက်ခဲ့တယ်တဲ့။ (Khin Sandar Aung) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)