ရာထူးတိုးဖို့ အလှူ၊ ဈေးရောင်းကောင်းဖို့ အလှူနဲ့ ဘုရားဒကာဘွဲ့ ခံချင်ကြတဲ့ မြန်မာသူဌေးကြီးများ

ဗမာသူဌေးတွေ အသက်ကြီးလာချိန် ငွေလေးလဲ ကပ်ပြီဆိုတာနဲ့ ဘာအရူးထလဲဆိုရင် ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ခံချင်တဲ့ ရောဂါက စလာတယ်

စေတီ ဘုရားတဆူတည်ဖို့ဆိုတာ ကုန်ကျငွေဟာ မနည်းမနော ဒီလောက်ဖူးစရာ စေတီ ဘုရားတွေ များနေတာ ဘာလို့တည်ကျတာလဲ မေးရင် အထက်မှာ ပြောခဲ့သလိုပဲ အရူးထတာပေါ့ဗျာ တချို့က လုပ်သေးတာ သာသနာပြုတာတဲ့ အဲ့ဒီလူတွေကိုပဲ သာသနာ ဆိုတာ ဘာလဲလို့ မေးကြည့်တယ် ဂဃနဏ မဖြေနိုင်ဘူး

သာသနာ = အဆုံးအမ ပဋိယတ္တိ ပဋိပတ္တိ ပဋိဝေဒ တွေများ ဆက်မေးရင် ထရိုက်ခံရမှာ ကိုင်း ထားပါ လိုရင်းမရောက်ဖြစ်မယ် ဗမာပြည်အနှံ့မှာ တည်ထားတဲ့ စေတီဘုရား နည်းပါဘူး ပြိုကျ ပျက်စီးနေတဲ့ စေတီ ဘုရားတွေလဲ အများကြီး မပြို မပျက်သေးပေမယ့် စောင့်ရှောက်ထိမ်းသိမ်းသူ မရှိလို့ ပျက်စီးတော့မယ့် စေတီ ဘုရားတွေလဲ အများကြီး။

အဲ့ဒါပဲဗျ ဗမာတွေ အကျင့်က လုပ်ဖို့ပဲ တွေးတယ် ရေရှည်တည်တန့်အောင် ဆက်လက်ထိမ်းသိမ်းဖို့ စတဲ့ plan တွေဘာမှ မရှိဘူး အဲ့တော့ဘာဖြစ်တုန်းဆိုရင် အဟောသိကံ ဖြစ်ကုန်တာပေါ့ဗျာ တည်တဲ့ ဘုရားဒကာက တယောက် လာပြင်တဲ့ ကုသိုလ်ရှင်က တယောက် ဘုရားခမျာ ဘယ်သူ့ကို ကျေးဇူးတင် ရမယ်ဆိုတာမသိရှာဘူး

လာပြင်တဲ့ လူကိုလဲမေးအုံး စေတနာရှိလို့လားလို့ NO အိပ်မက်အရ အဓိဌာန်အရ ရာထူးမြဲ အာဏာတည် စတဲ့ လိုဘတွေနဲ့ ရောက်လာကျတာ မသာပေါ်တဲ့အခါ အုတ်ဂူမှာ ဘုရားဒကာကြီး ဘယ်သူပါလို့ ကမ္ဗည်းတင်ဖို့အရေး ရူးကျတာ။

အဲ့ဒီငွေတွေကိုသာ တကယ်လိုအပ်တဲ့ လမ်း တံတား လျှပ်စစ်မီး ဆေးရုံ စာသင်တိုက်တွေအတွက် အသုံးချရင် ဘယ်လောက်ကောင်းမလဲ စာသင်သား သံဃာတော်တွေ ကိုရင်လေးတွေ စိတ်အေးချမ်းစွာ လိုအပ်မှူမရှိ ပညာသင်ကြားနိုင်မှ ဒီ သာသနာကြီးဟာ တည်တန့်နေမှာ။

အခုတော့ ခေါင်းရိတ်ဓား မရှိတဲ့ စာအုပ်မဝယ်နိုင်သေးတဲ့ စာဖြေသွားဖို့ လမ်းစားရိတ် မရှိတဲ့ ကိုရင် သံဃာတွေ ဒုနဲ့ဒေး လမ်းမကောင်း မီးမလင်း ဆေးရုံမရှိတဲ့ ရွာတွေ ဒုနဲ့ဒေး တခုခု လှူမယ်ဆိုတိုင်းမှာ ငါလှူမယ့် အလှူဟာ တကယ်လိုအပ်တဲ့ အလှူလား ဆိုတာကို သေချာတွေးပါ လိုအပ်တဲ့နေရာတွေမှာ လှူကျပါ။

ဘီလ်ဂိတ် ဘုရားကျောင်း လှူတယ်လို့များ ကြားဖူးလား ကင်ဆာရောဂါသည်တွေအတွက် ရေလိုအပ်နေသူတွေအတွက် သဘာဝဘေးသင့်သူတွေအတွက် စသည်ဖြင့် လိုအပ်တဲ့ နေရာမှာသာ လှူတယ် အပိုမလုပ်ဘူး

ဒီကလူတွေကတော့ဖြင့် ပါမစ်ရဖို့ လုပ်ပိုင်ခွင့်ရဖို့ သီရိသုဓမ္မ မဏိဇောတ ရဖို့ ဘယ်ပွဲမှာ ဘယ်လောက်ဆိုပြီး လှူလိုက်တာပဲ သူ့အရပ်နဲ့ သူဇာတ်နဲ့တော့ အဟုတ် မဟုတ်တာက ကျုပ်တို့ဘဝတွေ ဝေလေလေတွေကြားမှာ လုံးပါးပါးလိုက်လာတယ် ကံပေါ့

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page