အကြွေး အမြန်ပြန်ရစေသော အစွမ်းထက် ယတြာများ (ဝိသမလောဘသားများ လုပ်လျှင် လုံးဝမစွမ်းပါ)
အကြွေးအမြန်ပြန်ရစေတဲ့ အစွမ်းထက် ယတြာများကို ဖော်ပြလိုက်ပါတယ်-
(၁) ဗန်ဒါရွက်ပေါ်မှာ အကြွေးရမည့်သူရဲ့နာမည် နေ့သါးရေးပါ။ ဖယောင်းတိုင်အနီရောင်တစ်နေ့တစ်တိုင် တင်ထွန်းပါ(၃)ရက်ထွန်းပါ။
(၂) တနင်္လာနေ့ နံနက် ၉နာရီ၄၅မိနစ် တွင် သီဟိုဠ်(၁၁)ညွန့်ကို အတာအိုးထဲထည့်၊ ထုံးဖြင့်လိုရင်း ကိစ္စရေးပြီး ဘုရားလှူပါ။
(၃) ကြွေပန်းကန်ပြားမှာ တစ်ချပ်ထဲ မတ်စေ့ထည့် မတ်စေ့ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ တစ်နေ့တစ်တိုင်ထွန်းပါ (၂၁)ရက်ထွန်းပါ။
(၄) အာလူးတစ်လုံးပေါ်မှာ သာသနာ့အလံစိုက်ပါ။ သာသနာ့အလံမှာနာမည်ရေးပါ။ ပေါက်ပေါက်ကို ဖန်ခွက်ထဲထည့်ပြီး၊ ဘုရားမှာလှူပါ။ ၁၄ ရက်ထားပါ.သာသနာ့အလံ ကို ယပ်ခတ်ပေးပါ။
(၅) တနင်္လာညနေ့မနက်(၉)နာရီမှာ အုန်းထမင်းချက်ပြီး ဘုရားမှာလှူပါ။
(၆) ပန်းကန်ပြား တစ်ခုထဲတွင် ထန်းလျှက်(၁၀)လုံးထည့်ပါ။ အလယ်တွင် သင်္ဘောသီးရင့်ရင့် တစ်လုံးကို ထောင်၍ထည့်ပါ။ (သို့) သပြေပန်း(၁၁)ညွန့်လှူပါ။ အစီအရင်မပြုခင် ခွေး၊ငါး၊ကျီး၊ခို စသည့် သတ္တဝါများ ကိုအစာ မကြာခဏကြွေးပါ။ အနည်းဆုံး(၂)ခါကြွေးပါ။ ငွေကိစ္စဆုတောင်းပါ။
(၇) အိမ်နောက်ဖေးမှာ ပေါက်တတ်တဲ့ အပင်ငယ် တစ်ပင်(သို့)အညွန့်တစ်ညွန့်နှင့် စပါးနှံကိုပူးချည်။ အိမ်ရှေ့မှာချိတ်ပါ။ ပထမဆုံးရတဲ့ ပိုက်ဆံအသေးတစ်ရွက်ကို ရေမျောပါ။
ဖော်ပြပါ ယတြာများကို တစ်မျိုးသော်၎င်း၊ နှစ်မျိုးသုံးမျိုးသော်၎င်း မိမိတို့အဆင်ပြေသလို ဥာဏ်ရှိသလိုလုပ်ပါ။ မိမိအကြွေးရမည့်သူကို နေ့စဉ် မေတ္တာပို့ပေးပါ။
စိတ်အာရုံထဲမှာ သူအလုပ်တွေအဆင်ပြေနေပြီ ငွေတွေအများကြီးရနေပြီ ငါ့ကိုအကြွေးတွေ လာဆပ်နေပြီလို့အာရုံပြုပါ ပါးစပ်ကလည်းပြောပါ နေ့စဉ်လုပ်ပါ။
မှတ်ချက်။ အတိုးကြီးစားသူများ သူများပိုက်ဆံကိုမတရားလိုချင်သူများ လုပ်လျှင်စွမ်းမည်မဟုတ်ပါ။