ရွှေတွေ ရောင်းပေးနေတဲ့ စကစရဲ့ နောက်ကွယ်က အကြံအစည်နဲ့ ဒေါ်လာဈေး တက်လာမယ့်အချိန်
အမေရိကန်ဒေါ်လာပျော့ချိန်မှာ မြန်မာပြည်မှာ ဒေါ်လာစျေးတက်ခဲ့ပါတယ်။ ယခုအမေရိကန်ဒေါ်လာကမ္ဘာမှာပြန်တက်ရိပ် ပြပါပြီ။ မြန်မာပြည်မှာ တက်ရိပ်ပြန်ပြမှာ ဖြစ်၍ စကစ ဗဟိုဘဏ်က ဒေါ်လာစျေးဆွဲတင်မှာဖြစ်၍ ရူးချင်ယောင်ဆောင်ပေးမယ်ထင်ပါမယ်။
သူ့အကွက်က ဒေါ်လာစျေးတက်တာကို မျက်ကွယ်ပြု၍ ရွှေသမားဖမ်းမယ် ဆိုထားတာကိုး။ ကမ္ဘာဒေါ်လာစျေးတက်ရင် အမေရိကန်ပြင်ပက နိုင်ငံတွေ၏ အိမ်ခြံမြေစျေးကွက်ဟာ အဆင်းဘီးတပ်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် စကစ သည် ဒေါ်လာစျေးကိုပြန်ဆွဲတင်နိုင်ချေရှိပါတယ်။
သို့သော်လည်း ပြည်တွင်းမှာ ပြည်သူတွေက ပိုမိုဆင်းရဲသွား၍ သုံးစွဲနိုင်သူ နည်းသွားတာဖြစ်၍ ပြည်တွင်းသုံးစွဲနိုင်မှုပါဝါဟာ မတက်လာဘူးဆိုရင် စကစအနေဖြင့် Inflation expectations ဖြင့် ဘယ်လိုဘဲ မြန်မာငွေကို ဆွဲချချ အိမ်ခြံမြေဟာ စျေးထပ်တက်ဖို့ ပိုခက်လာပါမယ်။
နောက်အပြင် နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် မြန်မာငွေကျပ်ရိုက်ထုတ်ရန် လုံခြံရေးနှင့်ဆိုင်သော ပုံနှိပ်ပစ္စည်းများ ဝယ်မရ၍ မြန်မာငွေကျပ် စတင်ရှားပါးနေတဲ့ ပြဿနာကလည်း ရှိပါသေးတယ်။ ဒါကြောင့် ဒေါ်လာစျေး ပြန်တက်လာရိပ် ရှိလာတာဟာ မြန်မာ့စီးပွားရေးအတွက် အရမ်းမကောင်းနိုင်ပါဘူး။
စကစဟာ ၉၀ ကျပ်တန်ကနေ ၂၀၀ကျပ်တန်၊ ၂၀၀ကျပ်တန်ကနေ ၅၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်ကနေ ၁၀၀၀ ကျပ်တန်မျိုးကို ထုတ်ဖို့ခက်မယ်ဆိုရင် ကုန်ပစ္စည်းတွေဟာ ယခင် နအဖလက်ထက်ကလို စျေးအရမ်းတက်ဖို့ခက်မယ်။
ဒါဆိုရင် ဆယ်သိန်းတန်ကားက သိန်း ရှစ်ရာ ဖြစ်ဖို့ခက်မယ်။ သိန်းတစ်ရာတန်မြေကွကိက သိန်းတစ်ထောင်ဖြစ်ဖို့ ခက်မယ်။ ဒေါ်လာဟာလည်း တစ်ရာကျပ်ကနေ တစ်ထောင်ကျော်ဖြစ်ဖို့ခက်မယ်။
ထိုအချိန်မှာ စကစက ငွေထပ်မံ ရိုက်ထုတ်ဖို့ ခက်တယ်ဆိုရင် ငွေရှာနိုင်တာက တက်စျေးမှာ ရွှေရောင်းပေးပြီး အောက်စျေးမှာဆင်းဝယ်တယ်။ ပြီးရင် အတက်မှာရောင်းမယ်။ ပြီးရင်အဆင်းမှာဝယ်မယ်။ ဒါမျိုးကနေသူတို့အများကြီးမြတ်နိုင်ပါတယ်။ ထို့အတူ စကစနဲ့ရင်းနှီးသူတွေကလည်းထို ကစားကွင်းမှာ အများကြီးဝင်ကစားနိင်တာဖြစ်၍ ယခုလို တက်လိုက်ကျလိုက် ဖြစ်နေမှာအမှန်ပါဘဲ။ (Myat Maw)