ရန်ကုန်မြို့မှာ လတ်တလော တွေ့လာရတဲ့ ထူးဆန်းတဲ့ တက်စီသမားများ (အထူးဂရုစိုက်ကြပါ)

ညဘက် ကားမောင်းတာ ဦးထုပ်ဆောင်းထားပြီး ဘာလို့ဆောင်းတာလဲဆိုပြီး သံသယရှိလို့ နည်းနည်းကြည့်လိုက်တာ စစ်ကေကို ဖုံးထားချင်လို့ ပြီးတော့ စကားတောက်ကြည့်တဲ့အထာမျိုးတွေ လုပ်တယ်။

ကျွန်တော်ပြောချင်တာ ပုံမှန် တက်စီဦးလေးတွေဆို အဲ့လို တစ်ခုခုဖြစ်တယ်ဆိုတဲ့ သတင်းကို ပြန်ပြောပြပြီဆို သူတို့ ရှုထောင့်က ဘယ်လိုခံစားရတယ်ဆိုတာမျိုး ဒီကောင်တွေကွာ ဘာညာဆိုပြီးလောက်တော့ ပြောတယ်။ အဲ့ဘဲ က ကိုယ့်ကို ဒဲ့ သတင်းပေးပြီး မင်းဘာပြောမလဲသိချင်တယ်ဆိုတဲ့ အငွေ့အသက်ကြီးတန်းရလို့။

ကျွန်တော် ဘယ်သူ့ကိုမှ အထင်မလွဲစေချင်ဘူးနော်။ သတိထားတာ ပိုတယ်ဆိုတာ မရှိဘူး ကျွန်တော်တို့အပြင်သူစိမ်းနဲ့ စကားအေးဆေးပြောရတာက တက်စီ စီးတဲ့အချိန်ပဲရှိတယ်။

ဒီဘဲတွေအတွက် တက်စီ အသွင်ယူရတာက တကယ်တမ်း အကွက်ကျတယ်။ လူတစ်ယောက်ရဲ့ ရှိနိုင်မယ့်နေရာကော ပြီးတော့ ဒီခေတ်လူငယ်တွေ စိတ်အားထက်သန်တယ်ဆိုတာ သိတော့ စကားနည်းနည်း ထောက်လိုက်တာနဲ့ ဘွားဆိုပြီး ပေါ်လာမှာ။

ပြီးရင် သိတဲ့အတိုင်းပဲ သပိတ်တွေ ဖျက်ဖို့ဆို သူတို့ လျှောက်သွားနေလို့ ရတယ် တစ်နေ့လုံး အဲ့ကားကို မှားစီးမိရင် ကားပြီပဲ။

မလိုရင် ဘာ ကွန်းမန့်မှမပေးကြပါနဲ့ ဘာမှလည်း သိပ်ပြီးမပြောနဲ့ ကိုယ်ပဲဒုက္ခရောက်မယ်။ ပြီးရင် အိမ်ရှေ့တွေ တိုက်ရိုက်မပို့ခိုင်းနဲ့ နည်းနည်းလေး လမ်းလျှောက်လိုက် ဘာမှမပင်ပန်းဘူး။ တလောက ညီရဲမိတ်ဆွေရဲ့အတွေ့အကြုံကို သူ့ခွင့်ပြုချက်နဲ့ ပြန်တင်ပေးလိုက်ရပါတယ်။ သတိ ဆိုတာမျိုးက ပိုတယ်မရှိပါ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page