မြန်မာ့ကော်ပြန့်ကြော်နဲ့ ပေါက်စီကို တရုတ်သို့ တင်ပို့မည် (မြန်မာ့စမူဆာကတော့ ဈေးကွက်မရသေးဟုဆို)

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထံ ကော်ပြန့်ကြော် တင်ပို့ရောင်းချဖို့ ကုမ္ပဏီအချို့က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံ အစားအစာဘေးအန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက်ရရှိဖို့ တင်ပြတောင်းခံထားတယ်လို့ FDA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လက်တလော တရုတ်နိုင်ငံကို တင်ပို့ဖို့အတွက် FDA ကို တင်ပြထားတဲ့ ကုမ္ပဏီ (၁၂) ခုလောက်ရှိတယ်” လို့ FDA ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက ဆိုထားပါတယ်။ အဆိုပါ ကုမ္ပဏီတွေထဲမှာ ကော်ပြန့်ကြော် တင်ပို့ရောင်းချမယ့် ကုမ္ပဏီတွေအပါအဝင် စားသုံးဆီအမျိုးမျိုး၊ ခေါက်ဆွဲခြောက်နဲ့ ကော်ဖီထုတ်စတဲ့ အမျိုးအမည်များအတွက် ခွင့်ပြုချက်ရရှိဖို့ တင်ပြလျှောက်ထားကြတယ်လို့ သိရှိရပါတယ်။

“ဒီလုပ်ငန်းစဉ်က အရင်တုန်းက မရှိဘူး။ နယ်စပ်ကနေ သွားရောင်းတဲ့အခါ ပွဲစားတို့ လုပ်ငန်းတို့နဲ့ ချိတ်လို့ရသလောက် ချိတ်တယ်။ ဈေးကွက်က တရားဝင်သလိုလို တရားဝင်မဟုတ်သလို ဖြစ်နေတာ။ အဲ့ဒီအခါ ပွဲစားတွေရဲ့ ဈေးနှိမ်မှုတွေကို မြန်မာလုပ်ငန်းရှင်တွေ ခံကြရတယ်’’လို့ ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံကို အစာသွပ်မှုန့် (ပေါက်စီ၊ ကော်ပြန့်ကြော်)၊ ကလေးနို့မှုန့်၊ ကျန်းမာရေးဖြည့်စွပ်စာ၊ စားသုံးဆီအမျိုးမျိုး စတဲ့ ကန့်သတ်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့အခါ GACC ရဲ့ ထောက်ခံချက်ရရှိဖို့ မြန်မာဘက်ခြင်းက FDA ခွင့်ပြုချက် လိုအပ်ကြောင်း ကြေညာထားပါတယ်။

မြန်မာ့ ကော်ပြန့်ကြော်နဲ့ ပေါက်စီကို တရုတ်ပြည်သို့ တင်ပို့နိုင်ပေမယ့် မြန်မာ့စမူဆာကတော့ တရုတ်ပြည်မှာ ဈေးကွက် မရှိသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page