မြန်မာတပြည်လုံး ရွာနေတဲ့မိုးတွေ တိတ်မယ့်အချိန်ကို ပြောလိုက်တဲ့ ပြည်သူ့အချစ်တော် ဆရာမလေး စုစုစံ
၂၀၂၂ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၆ရက်နေ့အထိ မြန်မာနိုင်ငံ တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေမှာ ရာသီဥတု ပြန်လည်ကြည်လင်သွားမှာဖြစ်ပြီး အေးမြသာယာတဲ့ရာသီဥတုရရှိစေမှာဖြစ်လို့
ပဲနုတ်ခြင်း အုတ်ဖုတ်ခြင်းရာဘာခြစ်ခြင်း ဆားလုပ်ငန်း နှင့် မြို့ပြအဆောက်အဦ လမ်းတံတားလုပ်ငန်းများကောင်းမွန်ချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်ကြတော့မှာ ဖြစ်ပါကြောင်း သတင်းကောင်းလေး လက်ဆောင်းပါးလိုက်ပါတယ် (ခန့်မှန်းချိန် ၁၉-၂-၂၀၂၂ ရက်နေ့ ညနေ ၅ နာရီ ၅၄ မိနစ်)
ထိုင်းနိုင်ငံရောက် မြန်မာအမျိုးတို့ရေ၊ ၂၀၂၂ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ၂၁ ရက်နေ့တွေမှာ ထိုင်းနိုင်ငံတွင် မိုးကြီးရေလျှံနိုင်ပါတယ် (ခန့်မှန်းချိန် ၁၉-၂-၂၀၂၂ ရက်နေ့ ည ၇ နာရီ ၁၆ မိနစ်)
မိုးကြီးရေလျှံသတိ၊ ၂၀၂၂ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူးဆယ်ခရိုင် လောက်ကိုင်ခရိုင် မြစ်ကြီးနားခရိုင်တွေနှင့် ထိစပ်နေသော တရုတ်နိုင်ငံနယ်စပ်တလျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံနိုင်ပါတယ် (ခန့်မှန်းချိန် ၁၉-၂-၂၀၂၂ ရက်နေ့ ည ၈ နာရီ)
Su Su San (Climatologist, Advanced Weather Forecaster & Meteorological Intelligence Officer)