အခုချိန်မှာ ငွေအရင်းအနှီး တကျပ်မှ မရှိဘဲ စပြီး လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်း (၆) မျိုး အကြောင်း

အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာ။ တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန် ဖြစ် ပါတယ်။

တစ်ချိန်က American Dream ဆိုတဲ့ စကားတစ်ခွန်းဟာ စီးပွားရေးအသိုက် အမြုံကောင်းတစ်ခုကို ရွှေတွင်းတူးသလို တူးချင်တဲ့ လူတွေ အတွက် မျှော်လင့်ချက် တစ်ခု ဖြစ်ခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်တွေ ချမ်းသာကြွယ်ဝခြင်းဟာ ရွှေ တွင်း၊ ငွေတွင်းတွေ တူးမိလို့ ချမ်းသာခဲ့ တာ မဟုတ်ပါဘူး။ သင် လည်း ချမ်းသာတဲ့ သူ ဖြစ်နိုင်ပါတယ်။

တကယ်လို့ သူ့ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီ ဆိုရင်ပေါ့။ သင့် ဦးနှောက်ထဲမှာ ဘယ်လို ရတနာတွင်း ရှိသလဲ ဆိုတာကို ဒီလုပ် ငန်း (၆) ခုနဲ့ နှိုင်းယှဉ်သုံးသပ် နိုင်ပါတယ်နော်…

(၁) အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ။

တကယ်တော့ လူတိုင်း အမှတ်တမဲ့ နေမိတတ်တဲ့ တစ်ကိုယ်ရည် ကျွမ်းကျင်တဲ့ အနုပညာစွမ်းရည်လေးတွေ ရှိတတ်ပါတယ်။ ဥပမာ- ပလတ်စတစ် အမှိုက်ကနေ ဒီဇိုင်းလှပတဲ့ ဖုန်းအိတ်ကလေးတွေ ၊ လွယ်အိတ်လေးတွေနဲ့ ခွက်ကလေးတွေ ဖန်တီး တာမျိုးပါ။ အပြင်ကနေ ကြည့်ရင် ဒါဟာ ဈေးကွက်ဝင် ရောင်းကုန် မဟုတ်ဘူးလို့ ထင်ပါလိမ့်မယ်။

တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန် ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ ကုမ္ပဏီထောင်နိုင် ပါ တယ်။ သင့်ရဲ့ ဖန်တီးမှုကို အွန်လိုင်း Shopping platforms တွေကနေ ရောင်းနိုင်သလို နောက်ဆုံး ဖေ့ဘုတ်မှာ ပေ့ထောင်ပြီးတော့တောင် ရောင်းချနိုင်ပါတယ်…

(၂) အိမ်အကူ ဝန်ဆောင်မှု။

နိုင်ငံရပ်ခြားမှာ သိပ်ခေတ်စားတဲ့ အလုပ်တစ်မျိုး ဖြစ်ပါတယ်။ ဒီမှာတော့ သိပ်ပြီး လူသိနည်းသလို အထင်လည်း သေးတဲ့ အလုပ်မျိုးပါ။ တကယ်တော့ ဒီအလုပ်မျိုးက တကယ်လည်း လက်တွေ့ကျသလို ဝင်ငွေကောင်းရနိုင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။

ကိုယ့်အနီးနားက အိမ်နီး ချင်းရဲ့ ကလေး ထိန်းပေးတာ၊ ခွေးကျောင်းပေးတာတို့အပြင် နောက်ဆုံး အိမ်နီးချင်း ကလေးတွေကို အချိန်ပိုင်း စာပြပေးတာကအစ လုပ်လို့ ရပါ တယ်။ ဒီအတွက် ပိုက်ဆံတစ်ကျပ်မှ ကုန်စရာ မလိုပါဘူး…

(၃) ဟိုဟာ ဒီဟာ ပြင်တယ်။

တစ်ချို့လူတွေက ဝါသနာအလိုက် လျှပ်စစ်ပစ္စည်းလေးတွေ ပြင်တာ ဝါသနာ ပါကြပါတယ်။ ဒီလူတွေအတွက်တော့ အသက်ကြီးရင်တောင် အိုးမကွာ အိမ်မကွာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နိုင်လို့ အတော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်ဆုံး လက်သမားလုပ်နိုင်လို့ ရပ်ကွက်ထဲက ပရိဘောဂနဲ့ အိမ်တွင်းအသုံးအဆောင်လေးတွေ ပြန်ပြင်မယ်ဆိုရင်တောင် အလုပ်ဖြစ်ပါတယ်။

(၄) အတိုင်ပင်ခံလုပ်ငန်း။

အလုပ်တစ်ခုမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအတွက် ဒီအလုပ်ကနေ နားတဲ့ တစ်နေ့တောင် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများ အသုံးချပြီး အလားတူ အလုပ်မျိုးမှာ ပြင်ပအတိုင်ပင်ခံအဖြစ် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။

အလွတ်တန်း အတိုင်ပင်ခံအဖြစ်လည်း လုပ်နိုင်သလို ကိုယ်ပိုင်လုပ်ငန်း ထောင်ပြီးတော့လည်း ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆိုင်ရာ အကြံပေး ဝန် ဆောင်မှုလုပ်ပြီး ဝင်ငွေကောင်းနဲ့ ရပ်တည်နိုင်မှာပါ…

(၅) ပြန်ရောင်းမယ်။

အရောင်းအဝယ်ဆိုတာ ကမ္ဘာဦး စီးပွားရေးပါ။ ဘယ်တော့မှ တိမ်ကောမှာလည်း မဟုတ်ပါဘူး။ တစ်ခုရှိတာက အခုပြောတဲ့ ပြန်ရောင်းတယ် ဆိုတာ ကိုယ့်အနေနဲ့ ငွေစိုက်ဝယ်ပြီး ပြန်ရောင်းတာမျိုးကို ပြောတာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုနဲ့ သစ္စာရှိမှုကို အရင်းတည်ပြီး စက်ရုံတွေ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ပြီး အေးဂျင့်တစ်ယောက်လို အရောင်း အဝယ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကုမ္ပဏီဝန်ထမ်း ဖြစ်ဖို့ မလိုပါဘူး…

(၆) အသေးစားစီးပွားရေး လုပ်ငန်း။

ဒီလုပ်ငန်းမျိုးက ကျယ်ပြန့်ပါတယ်။ အရပ်ဒေသအလိုက် အသေးစား စီးပွားရေး လုပ်စရာပေါပါတယ်။ နောက်ဆုံး ကိုယ်က ကားမောင်း တတ်တယ်ဆိုရင် အခု အက်ပလီကေးရှင်းနဲ့ ကားခေါ်လို့ရတဲ့ ဂရက်တို့အူဘာတို့မှာ သွားပြီး ယာဉ်မောင်း ဝန်ဆောင်မှု လုပ်နိုင်ပါတယ်။

ဒီကနေမှ ရတဲ့ ငွေကြေးကို စုဆောင်းပြီး ကားနဲ့ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်း သေးသေးလေးတွေ ထောင်လို့ ရပါတယ်။ တစ်ခုရှိတာက ဒီလုပ်ငန်းမျိုးက startup ဖြစ်တဲ့အတိုင်း အရင်းအနှီးနဲ့ နည်းပညာလိုပါတယ်။ ဒီအတွက်တော့ အချိန်ပေး လေ့လာပြီး စနစ်တကျ စီးပွား ရှာရမှာ ဖြစ်ပါတယ်။

မူရင်း ရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page