အဆိုတော်ကြီး လွှမ်းမိုးရဲ့ နာမည်ကြီး “ကိုပေါ” သီချင်းနောက်ကွယ်က လူမသိသေးတဲ့ အချက်များ

“တခါတုန်းက ဒို့ရွာမှာ သဘောကောင်းပြီး ရိုးသားတယ်”ဆိုတဲ့ “ကိုပေါ”သီချင်းကလေ တစ်ဘက်စောင်းနင်း သီချင်းကြီးနော်။ မသိရင်တော့ ပေါချာချာ လူတစ်ယောက်ကို သူဌေးသမီးက ဘဝပျက်အောင် လှည့်စားသွားသလိုလို ဘာလိုလိုပေါ့နော်။

တကယ့်တကယ် မိန်းကလေးဘက်က စဉ်းစားကြည့်လေ၊ တစ်ရွာလုံးက အ-ူးအပေါလို့ သတ်မှတ်ထားတဲ့ ကိုယ့်အိမ်က အလုပ်သမားက ရည်းစားစကား လာပြောတာကွာ။ အဲဒါကလဲ မြို့ကျောင်းကို သွားဖို့ လိုက်ပို့တဲ့ လမ်းခရီး နွားလှည်းပေါ်မှာ အဲ့အချိန်မှာ နင်ပဲငဆ ပြောပြီး ဝုန်းဒိုင်းကြဲ စိတ်ဆိုးပြီး ပေါ်ကားတွေ ဘာတွေ ချလိုက်ရင် ဘာဆက်ဖြစ်မယ် ထင်သတုန်း။

အရော်ကူးကောင်က မဒေါ်ကိမ်းကျင့်ပြီး သော်ကတ်ပစ်လိုက်ရင် ဘဝပျက်မှာက ကိုပေါ မဟုတ်ဘူး သူဌေးသမီးလေ။ ဆိုတော့ကာ အလိမ္မာသုံး အချိုသတ်ပြီး ပါးပါးနပ်နပ် ရှောင်ထွက်သွားတာ ဘာမှ အပြစ်ပြောစရာ မလိုဘူး ထင်တာပဲ။

ဟိုငပေါကတော့ သူ့ဘဝ သူ မသိပဲ ပြောသမျှယုံပြီး မစားမသောက်နဲ့ အငတ်ခံ စုလို့ သော်ကေတာက သုဌေးသမီး အပြစ်မှ မဟုတ်တာ နော့်လေ။ ဘာကိစ္စ တစ်ဘက်သား မိန်းကလေးကို အသားလွတ် သွား ဘလိန်း နေတာလဲဆိုတာ စဉ်းစားလို့ကို မရဘူး။

ဘာရယ်မဟုတ်ဘူး။ စောနက လမ်းပေါ်မှာ ထီကား ဖြတ်သွားတော့ အဲ့သီချင်း ဖွင့်သွားတာ ကြားမိပြီး စဉ်းစားမိသွားတာ။ အဲ့လောက်ထိ ကိုယ်ချင်းစာနာ သနားတတ်နေရင် ကိုယ်တိုင် (သို့မဟုတ်) ကိုယ့်သမီးနဲ့ကျမှ အဲ့လို အ-ူးအပေါနဲ့ ပေးစားသဘောတူလေ ဘယ့်နှယ်။ (တွေးမိတွေးရာ s2ra)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page