ဒါဖတ်ပြီးမှ မော်လမြိုင်ကို ခရီးသွားကြပါ (ညောင်ခါးရှည် တထောင့်တညပုံပြင်များထဲက ပုံပြင်တပုဒ်)

မော်လမြိုင်ကို ကျော်ပြီး ခရီးသွားမယ့်သူတွေသိအောင်လို့ (၂၇-၁၁-၂၀၂၂) ရက်နေ့သွားခဲ့တဲ့ အတွေ့အကြုံလေးပြောပြချင်လို့ပါ။ ၂၇-၁၁-၂၀၂၂ ရက် မနက် (၇:၃၀) ကားကိုစီးတာ (၁၁:၀၀) နာရီလောက်မှာ ညောင်ခါးရှည် အိတ်ဇ်ရေး စစ်တဲ့နေရာကိုတန်းစီရပါတယ်။

အမှန်က အိတ်ဇ်ရေးက မော်လမြိုင်အထွက်ပဲစစ်တာ အဝင်မစစ်ဘူး။ ပိတ်တဲ့အကြောင်းက ကားတွေက ၂ ထပ် ၃ ထပ်တွေရပ်၊ ကားတွေကျော်တက်ပြီး လမ်းတွေပိတ်တာ စစီ မိတဲ့နေရာက ဝေါမြို့ကထွက်ပြီး သိမ်ဇရပ်၊ ဒိုက်ဦးသွားတဲ့ လမ်းခွဲတောင်ရောက်ဖို့ အဝေးကနေ ကားလေးတွေသေးသေးလေးမြင်နေရတဲ့အထိပါပဲ။

အဲ့နေရာမှာ စောင့်လိုက်တာ (၁၁:၀၀) ထိုးပြီးလောက်ပဲရှိသေးတယ်။ ကားက နာရီဝက်နေမှ တစ်ခါလောက် ဘီးလှိမ့်နေတဲ့အဖြစ်၊ (၁၂:၀၀) ထိုးပြီးလောက်ကျ ဗိုက်က တော်တော်ဆာနေပြီ အဲ့ဒါနဲ့ သိမ်ဇရပ်ဘက်သွားတဲ့လမ်းအထိ နေပူကြီးထဲ လမ်းလျှောက်ပြီး ထမင်းဆိုင်ရှာစား။

အမလေးထမင်းစားတာ ကြက်သည်းမြစ်နဲ့ ဘယ်လောက်မှ မပါတာကို (၄၀၀၀) ပေးစားခဲ့ရ မရှိတဲ့နေရာရောက်တော့လဲ သူတို့ ပြောတဲ့ဈေးပေါ့။ စားပြီး ကားများရွေ့လာရင် စောင့်စီးမယ်ဆိုပြီး အပင်အောက်လေးထိုင်စောင့် (၄:၀၀) ထိ ကားက ရွေ့မလာ၊

အဲ့ဒါနဲ့ ခရီးသွားဖော်ညီမလေးနဲ့ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်နဲ့ ဆိုင်ကယ် ကယ်ရီတွေ သွားတာ စပ်စုကြည့်ပြီးမှ ကယ်ရီတွေက ကားတန်းကိုကျော်ပြီ။ ကားပိတ်တဲ့နေရာ အရှေ့ရောက်တဲ့ကားတွေ စီးလို့ရအောင် ကယ်ရီဆွဲပေးနေတာ။ အဲ့ဒါနဲ့ ကိုယ်လဲ ခရီးသွားဖော်ညီမလေးနဲ့ တိုင်ပင်ပြီး ကားတန်းကိုကျော်ပြီး သွားစီးကျမယ်ပေါ့။

ကယ်ရီငှား တစ်ယောက် (၄၀၀၀) နဲ့စီး အမလေး ကားတန်းကလေ ထင်ထားတာထက်ကို အရှေ့မှာတော်တော်အရှည်ကြီး၊ ကယ်ရီသမားကို သနားလို့ (၅၀၀၀) ပေးလိုက်တယ်။ သူလဲ ကားကြိုကားကြားကနေ မောင်းရတာ သည်းထိတ်ရင်ဖိုနဲ့စီးရတာ၊

ကဲ ကားတန်းကျော်တော့ တွေ့ပါပြီ။ မော်လမြိုင်သွားမယ့်ကား ကျပ်ပိတ်သိပ် မတ်တပ်လိုက်ရတာ (၁၀၀၀၀) တဲ့ ‌ခဏနေမှ ကော်ခုံရလို့ ကားသမား‌ဘေး ကပ်ထိုင်လိုက်ရတဲ့အဖြစ်၊ စထွက်တာ (၄:၄၅) မော်လမြိုင်ရောက်တော့ (၈:၃၀) တော်သေးတယ် ဉာဏ်ကောင်းလိုက်လို့ စီးလာတဲ့ကားသာ စောင့်စီးလိုက်ရင် ကားတန်းကြီးနေရာမှာ ညအိပ်ရမယ့်အဖြစ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page