တရားတပုဒ်ကြောင့် အိမ်ဉီးခန်းမှာကိုးကွယ်ထားတဲ့ နတ်အုန်းသီးကြီးကို လွှင့်ပစ်လိုက်တဲ့ ရဟန်းအမကြီး
အားလုံးပဲမင်္ဂလာပါ သူငယ်ချင်းဖြစ်သူ အရှင်သောပါကနှင့် အရှင်ကုမာရတို့ရဲ့ မိခင်ဒကာမကြီး ဒေါ်တင်အိဖြစ်ပါတယ်။ ဦးဇင်း မန်းရွှေမြို့တော်ကြီးမှာ စာသင်စဉ်က လိုအပ်သည်များကို ထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ ဒကာမကြီးဖြစ်ပါတယ်။ ဦးဇင်းတို့ စာကြည့်တိုက်မှ စာအုပ်တွေအမြဲငှားဖတ်ပါတယ်။ တရားတွေလည်းအမြဲနာပါတယ်။
တနေ့ဦးဇင်းက တရားတွေဟောပြရင်း ၃၇ မင်းနတ်တွေအကြောင်းရောက်သွားပါတယ်။ တကယ်တော့ ဒီနတ်တွေဟာ အပါယ်လေးဘုံထဲမှာ ပြိတ္တာဘုံထဲကဖြစ်တယ် မိမိတို့ထက် အဆင့်အတန်းနိမ့်လို့ သူတို့ကို မကိုးကွယ်သင့်ကြောင်း ဟောပါ တယ်။
အဲဒီလိုဟောတော့ ဒကာမကြီးမေးပါတယ်။ သူတို့ကိုမကိုးကွယ်သူတွေကို ခိုက်အောင်လုပ်တယ် ဘေးတွေတွေ့ စေတယ် နတ်ကိုင်တယ်ဆိုတာကကော ဘယ်လိုလဲလို့မေးပါတယ်။
အဲဒီမှာဦးဇင်းက ဥပမာတစ်ခုပေးပြီးရှင်းပြခဲ့ပါတယ်။ ဒကာမကြီးတို့အိမ်ရှေ့မှာ သူတောင်းစားတစ်ယောက်က ပိုက်ဆံလာ တောင်းတယ် ၊ပိုက်ဆံသွားပေးတုန်း အဲဒီသူတောင်းစားက ဒကာမကြီးကို ဆဲမယ် ရိုက်မယ်ဆိုရင် ခေါင်းငုံခံမလား မေးတော့ ဘယ်ခံမလဲလို့ပြောပါတယ်။ အဲဒီလာတောင်းတဲ့သူကကော မိမိကို ရိုက်ရဲပါ့မလားမေးတော့ ရိုက်ရဲဖို့မပြောနဲ့ စကားတောင် သူများသနားအောင် အသံနိမ့်ပြောရတာလို့ဖြေပါတယ်။
အဲဒီလာတောင်းသူကို ဒကာမကြီးက အိမ်ပေါ်ကိုပင့်ပြီး ခေါင်းရင်းမှာ ဖျာခင်းပေးကာ ထိုင်ပါဆရာကြီးဆိုပြီး ထိုင်ကန်တော့ မယ်၊ ပြီးတော့ တပည့်တော်မတို့ဟာ အမိုက်မဲမလေးတွေဖြစ်ပါတယ် ဆိုဆုံးမပါဆိုပြီး ဆရာတင်ပြီးသွားတဲ့အချိန် မိမိကို ရိုက်ရင်ရော ဘာပြန်လုပ်မလဲမေးတော့ လုပ်မရတော့ပါဘုရားတဲ့။
ဒါကြောင့် မိမိအိမ်ပေါ်ခေါ်တင်ထားလို့ အိမ်ပေါ်ရောက် နေတာ ပြန်မောင်းချလိုက်တော့လို့ ပြောပြီးရော ဒကာမကြီးက သူ့အိမ်မှာဆွဲထားတဲ့ နတ်အုန်းသီးကြီးကိုတခါထဲ အမှိုက် တောင်းထဲလွတ်ပစ်လိုက်ပါတော့တယ်။
ဒကာမကြီးကတော့ စိတ်ဓာတ်ပြတ်သားတယ် ရဲရင့်တယ်။ ယနေ့ထိအောင် ရတနာသုံးပါးကလွဲရင် ဘာမှ မကိုးကွယ် တော့ပါဘူး။ ဒီစာကိုဖတ်အပြီးမှာ ဘယ်နှစ်ယောက်လောက်များဒကာမကြီးလို အမှိုက်တောင်းထဲစွန့်ပစ်ကြမလဲမသိဘူး၊ မှားယွင်းသော အယူ မှားယွင်းသောလမ်းစဉ်များကို စွန့်ပယ်နိုင်ကြပါစေ။
မင်းသုည (ဗုဒ္ဓတက္ကသိုလ်)