အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ ပိုက်ဆံရှိမှ ရာထူးဂုဏ်သိမ်ရှိမှ မဟုတ်ပါဘူး
လူသားဆန်တဲ့ အိမ်ထောင်ဖက်
မိန်းကလေးအများစုက ကိုယ့်ထက် အသက်ကြီးသူကို ပိုင်ဆိုင်ခွင့်ရရင် အစ်ကိုလို အ ဖေ လို ကြင်နာမှုရမယ်လို့ ယုံကြည်ကြတယ်။
ကိုယ့်ထက် ပညာတတ်သူ ကို ရရင် အ ဖက် ဖက် က ကိုယ့်ကို လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။
ကိုယ့်ထက် ငွေကြေး ချမ်းသာသူကိုရရင် ပေါပေါများများ သုံးရမယ်။ စိတ်ချမ်းသာမယ်လို့ ယုံကြည်ကြတယ်။
ကိုယ့်ထက် ရာထူးပါဝါကြီးသူကို ရရင် အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ်မှာ တင့်တယ်တယ်လို့ ယုံကြည်ကြပြန်တယ်။
တကယ်တော့ ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီး စိတ်ရောလူပါ အေးချမ်းစေဖို့ရာ တစ် ဘ ဝ စာ အတွက် လက်တွဲဖို့ရာမှာ အသက်ကြီးခြင်း ငယ်ခြင်း ပညာတတ်ခြင်းမတတ်ခြင်း ရာထူးရှိခြင်း မရှိခြင်း ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ပါဘူး။
ယောက်ျားတစ်ယောက်ဟာ ကိုယ်ပိုင် အရည်အချင်းရှိရမယ်။ ရှိတဲ့အရည်အချင်း အပေါ်မှာ မူတည်ပြီး ကောင်းမွန်သော ဘဝ ရပ်တည်မှုအတွက် အသုံးချတတ်ရမယ်။ စစ်မှန်တဲ့ မေတ္တာစိတ် ရှိမယ်။ အဓိက
မအေ နှမချင်း ကိုယ်ချင်းစာစိတ် အပြည့်အဝရှိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆို မင်းဟာ ကံကောင်းသူပါပဲ။
လောကမှာ အိမ်ထောင်ရေး ကံကောင်းဖို့ဆိုတာ ပိုက်ဆံ ရှိ မှ ရာထူးဂုဏ်ရှိမှ မဟုတ်ပါဘူး။ လူသားဆန်တဲ့ အိမ်ထောင်ဖက်ကို ရထားမှ ကံကောင်းတာပါ ။ ။
လေးစားစွာဖြင့်…
(ရွှေ သုန် _ကျိုက်ထို)