ကမ္ဘာ့အရှည်ဆုံး ရထားလမ်းကြောင်းနဲ့ တရုတ်ရဲ့ ကမ္ဘာပတ် မဟာအိပ်မက်
ပေါ်တူဂီကနေ စင်ကာပူအထိသွားနိုင်တဲ့ ဒီရထားလမ်းခရီးဟာ ၁၈,၇၅၀ ကီလိုမီတာဝေးပြီး (၂၁) ရက် ကြာနိုင်ပါတယ်။
နိုင်ငံပေါင်း (၁၃) နိုင်ငံကို ဖြတ်သန်းသွားရမယ့် ဒီခရီးအတွက် ရထားလက်မှတ်ခဟာ ကန်ဒေါ်လာ ၁,၃၅၀ ရှိနိုင်ပါသတဲ့။
ဒီခရီးစဉ်ဟာ မကြာမီက ဖွင့်လှစ်လိုက်တဲ့ လာအို-တရုတ်အမြန်ရထားလမ်းကြောင့် လက်တွေ့အကောင်အထည် ဖော်လာနိုင်ခဲ့ ရတယ်လို့ ဆိုပါတယ်။
ဒါဟာ တရုတ်ရဲ့ BRI လမ်းကြောင်း အိပ်မက်တွေထဲက ခရီးစဉ်တစ်ခုဖြစ်ပါသတဲ့။
Francis Zin