ရန်ကုန်ညတွေမှာ လမ်းတွေကို ရေဆေးချတဲ့ ယတြာနဲ့ ဦးနေဝင်းချေခဲ့တဲ့ ယတြာကြီးများ အကြောင်း

လူကြီးတချို့ပြောဘူးတာ မှတ်မိသလောက်ပေါ့

ဦးနေဝင်း က ဗေဒင်တွေ ယတြာတွေ သိပ်ယုံကြည်တယ်ဗျ သူကိုယ်တိုင်လည်း ဗေဒင်နည်းနည်းပါးပါး တတ်တယ်

အဲဒီအခါက ဗေဒင်ဆရာတွေရဲ့ တွက်ချက်မှုအရ ကမ္ဘာပေါ်မှာ “ နေသုံးနေ ” ကွယ်မယ်လို့ ပြောကြတယ်။ အိန္ဒိယ ဝန်ကြီးချုပ် နေရူး၊ အမေရိကန် သမ္မတ ကနေဒီနဲ့ မြန်မာ စစ်အာဏာရှင် ဦးနေဝင်းပေါ့။

ဒါကို ဦးနေဝင်း က ယတြာချေတဲ့အနေနဲ့ သင်္ဃန်းကျွန်းဘက်မှာ ဖျာလိပ်ကြီးထမ်း အဝတ်အစား အစုတ်တွေကိုဝတ်ပြီး ဖျာလိပ်ကိုလမ်းပေါ်ချ၊ ဖျာလိပ်မှာ နေဝင်း အသက် ဘယ်လောက် ဆိုပြီးရေး လူတွေကို ခွကျော် သွားလာခိုင်းတယ်

ပြီးတော့ လမ်းကြောင်းပြောင်းတာဆိုပြီး ကားကို လက်ယာကပ်မောင်း နဲ့ လက်ဝဲကပ်မောင်း ဆိုပြီးတော့ ပြောင်းပြန်လုပ် ယတြာချေခဲ့တယ်။

တိုက်ဆိုင်တာလား ယတြာကောင်းတာလားတော့ မသိ “နေရူး နဲ့ ကနေဒီ” လုပ်ကြံခံရပြီး သေဆုံးသွားကြတယ်။ နေဝင်း က ကျန်နေခဲ့တယ်။

ဒီလိုပါပဲ အခုလဲ လမ်းတွေရေလောင်းကြ ယတြာချေကြ။ သို့သော်လည်း ရက်စက်ယုတ်မာမှု များတဲ့လူတွေဟာ ယတြာ ဘယ်လောက်ကောင်းကောင်း ကျဆုံးခန်းက အရမ်းကို အကျဥ်းတန် အရုပ်ဆိုးလွန်းလှတယ်

သံဖနောင့် နဲ့ နင်းပြီးအုပ်ချုပ်နေပေမယ့် ပြည်သူတို့ရဲ့ မေတ္တာစူးရင် ပျက်စီးဆုံးရှုံးမှုက အတိုင်းအဆမရှိ။

အမှားအယွင်းနဲ့ မပြည့်စုံတာများရှိရင် ထပ်မံဖြည့်စွက် နိုင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page