စိတ်ကူးယဉ် ရွှေဈေးနဲ့ လက်ရှိအချိန် ရွှေရောင်းချင်တဲ့သူတွေ သိထားသင့်တဲ့ အချက်များ

ရွှေအတက်အကျ ခန့်မှန်းနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေလေးကို သုံးသပ်ချင်ပါတယ်။ ဆက်တက်မလား မသိပါ။ ကျမလားမသိပါ။ ဒါပေမယ့် ကျွန်မအနေနဲ့သာဆိုရင် လက်ရှိလိုင်းပေါ်မှာ ပေါက်နေသော ရွှေစျေးသည် တစ်နိုင်ငံလုံးက အခေါက်ရွှေစျေးအတူတူမဟုတ်ဘူး ဆိုတာ နားလည်လက်ခံစေချင်ပါတယ်။

နောက်တစ်ခုက အခုလိုင်းပေါ်က အခေါက်စျေးသည် သန့်စင်ပြီး စံချိန်မှီသော အကယ်ဒမီ AC စျေး၏ ရောင်းစျေးသာဖြစ်သည်။ သူတို့ပြန်ဝယ်စျေးသည် မြို့ကြီးများဖြစ်သော ရန်ကုန် မန္တလေးတွင်တောင် လေးသိန်း သို့မဟုတ် သုံးသိန်းခွါဝယ်နေကြပါသည်။

ဥပမာ လိုင်းပေါ် ၃၇ သိန်းဟုတင်ထားလျှင် လက်တွေ့သွားရောင်းသည့်အခါ ၃၃ သိန်းဖြင့်သာ ဝယ်ယူကြသည်။ ထို့ကြောင့် အိမ်ထဲတွင် စျေးတအားတက်နေပြီ ရောင်းသင့်လား မေးသော အမေးများဖြင့်သာ အချိန်ကုန်မခံပါနှင့် လက်တွေ့ ဆိုင်ထိသွားပြီးတွက်ကြည့်ပါ တကယ် ပေါက်စျေးအမှန်သိရမှ ရောင်းရမလား မရောင်းရဘူးလားဆုံးဖြတ်သင့်ပါသည်။

ထပ်ဝယ်ရမလားဆိုလျှင် အားမပေးချင်ပါ ဆက်တက်ချင်တက်နိုင်သည်။ သို့သော် သုံးလေးသိန်းခွါနေသော အခြေအနေမှာ အခု ၃၇ သိန်းနဲ့ဝယ်ပြီဆိုပါစို့။ အိမ်မရောက်သေးဘူး ပြန်ရောင်းရင် ၃၃ သိန်းသာတန်တော့သည်။ အဘယ်ကြောင့်ဆိုသော် စျေးအတက်အကျကြမ်းသဖြင့် ဆိုင်များမဝယ်ရဲဘဲ ခွါသောအခြေအနေကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် အခုမှ ဒီစျေးတန်းကို ဝယ်မည်ကို အားမပေးပါ။ ရောင်းမည်ဆိုလျှင်လည်း သေချာတွက်ကြည့်ပြီးမှ သင့်မသင့်ဆုံးဖြတ်ပါ။ အိမ်ထဲကနေပြီး လိုင်းပေါ်က တင်နေသောစျေးများ ရမည်အထင်နဲ့ စိတ်ကူးယဉ်ရောင်းဝယ်နေခြင်းများ အဆင်မပြေပါ။ မိမိရွှေသည် ၁၄ ပဲရည်ဖြစ်နေပြီး အခေါက်စျေး ရချင်လို့မရနိုင်သလို အလျော့တွက်လက်ခ အများကြီးကျထားသော အထည်များဝယ်ယူထားပြီး အတုံးဝယ်ယူထားသူနှင့်အတူတူ လိုက်မြတ်ချင်လို့ မရတာကို သတိပြုသင့်ပေသည်။

စိတ်ပိုင်းဖြတ်နိုင်သော အမြတ်ဖြစ်ပါက ရောင်းပါ။ ငွေမလိုဘဲ ရောင်းရမလား မေးသူများအတွက်ကတော့ တစ်ခုပဲ မေးချင်ပါတယ်။ ရောင်းပြီးရင် ချက်ချင်းပြန်ဝယ်လို့ရသော ရွှေဆိုင် ရှိပါသလား။ ရှိလျှင် ရောင်းပါ ကြိုက်စျေးမှာ အချိန်မရွေး ပြန်ဝယ်ဖို့မလွယ်ရင် မရောင်းသင့်ပါ။

အထူးသတိပြုသင့်သည်မှာ တစ်နိုင်ငံလုံး ရှိသမျှရွှေထည်ပစ္စည်းများသည် အခေါက်ဆိုတိုင်း အရည်ပြည့်ချည်းမဟုတ်ပါ။ ထို့ကြောင့် စျေးလည်းမတူနိုင်ပါ။ ကိုယ်ဝယ်ထားသည့် ရွှေသည် အရည်မပြည့်မီဘဲ အကယ်ဒမီ AC အတုံးစျေးတွေ လိုက်တုပပြီး လိုချင်လို့မရနိုင်ကြောင်း ထပ်ပြောပြပါရစေ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page