ဒယ်လီကုမ္ပဏီတွေကို သိန်းဆယ်နဲ့ချီပြီး လိုက်လိမ်နေတဲ့ လှေကားမယ်တော် (ညီအကိုများ ဂရုစိုက်ကြပါ)
လှေကား မယ်တော်ရဲ့ လိမ်လည်မှု ဖြစ်စဉ် (၂) ခုကို ဖော်ပြလိုက်ပါတယ်။ deli သမားတွေကို ငွေကြိုရှင်းခိုင်းပြီး ပို့ရမယ့် လိပ်စာအတုနဲ့ အထုပ်ထဲမှာ စက္ကူတွေ ထည့်ပြီး လိမ်သွားတဲ့ ဖြစ်စဉ်ပါ။ အောက်မှာ ဖြစ်စဉ်များကို ဖော်ပြလိုက်ပါတယ်-
ဖြစ်စဉ် (၁)
ဒီနေ့လဲ လှေကားမယ်တော်က ထပ်လိမ်လိုက်ပါပြီ ၁လ ၁ခါ လကုန်တိုင်းလိမ်နေကြ ဆိုတော့ လကုန်ခါနီးတိုင်း delivery new တွေအတွက် ပို့စ်တင်ပါမယ်။
ကျွန်မလဲ အလိမ်ခံရဖူးတော့ ကိုယ်ချင်းစာလို့ ကျွန်မစာကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။
လှေကားမယ်တော်က Ma Su cosmetic ဆိုပီးလိမ်တတ်တပါတယ်။ Su Pyae Sone online ဆိုပီးတော့လဲ လိမ်ဖူးတာ တွေ့ခဲ့ရပါတယ်။
ကျွန်မသိသလောက်အချက်အလက်တွေကို ထုတ်ဝေ တာပါ။ လှေကားမယ်တော်ပုံကိုလဲ ပြထားပါမယ် ကိုယ်လို နောက်လူတွေမခံရအောင် စေတနာနဲ့ ပြောခြင်းဖြစ်ပါတယ်။
အိတ်ကိုသတိပြုပါ။ လူကအသားဖြူဖြူ ဝဝကစ်ကစ် မျက်မှန်နဲ့ပါ။ လမ်း ၅၀ ၅၁လမ်း ၅၅လမ်း ၃၉လမ်း လကုန်ပိုင်းလောက်ကျရင်ရှောင်ပါ။ ကျေးဇူးတင်ပါတယ်။ (မကြီးအချို)
ဖြစ်စဉ် (၂)
လှေခါးမယ်တော်ဆိုပြီး အရမ်းနာမည်ကြီးနေလို့ သူနဲ့ ပါတ်သက်ပြီး ကိုယ့်အတွေ့ အကြုံလေးရေးပေးပါ့မယ်။
တကယ့်ကို ပိပိရိရိနဲ့ ရုပ်လေးနဲ့ မလိုက်အောင် လိမ်ရဲတဲ့ လူလိမ်မပါ။ သူ့ဖုန်းနံပါတ်တွေ တင်မနေနဲ့..အဲ့ဒီနံပါတ်တေက သေအောင်ခေါ် မရတော့ဘူး။
ကိုယ့်ကို ၂ ကြိမ်လိမ်ဖို့ ကြိုးစားတာ ပထမတခါက အောက်တိုဘာ ၁၃ ရက်နေ့က ဒါပေမဲ့..ပစ္စည်းယူဖို့ ချိန်းပြီးမှ ဘယ်သူဂျင်းမိသွားလဲမသိဘူး..အဲ့နေ့က ဖုန်းအဆက်သွယ်လုံးဝပြတ်(ဖုန်းပိတ်)သွားတယ်။
နောက်..အောက်တိုဘာ ၂၃ ပြန်ခေါ်တယ် နောက်တလုံးနဲ့ ပထမဆက်တဲ့ဖုန်းက အခိုးခံရလို့တဲ့။ deli ကလဲ အဆင်ပြေ သွားလို့ ပြန်မဆက်ဖြစ်တာပါတဲ့။ ရင်ထဲတော့ ခုတုတုနဲ့..
ငွေကြိုရှင်းပေးရမယ် ၁၃သိန်းကျော် way က ၁၈ way ok လာမယ်ဆိူပြီးချိန်းလိုက်တယ်။ ဗိုလ်တထောင်ချိန်းတာ။ ရတယ် လိပ်စာပို့ လာယူမယ်ပေါ့။ တိုတိုပြောရရင်..ညနေ၆နာရီခွဲ..မှောင်လောက်တဲ့ အချိန်မှ ဆုံဖြစ်တယ်။ သူချိန်းထားတဲ့ တိုက်ရှေ့မှာ ကဗျာကသီနဲ့ တက်ဆီပေါ်က ဆင်းလာတယ်။ အိတ်အမဲ ၃ အိတ်မှာ ခုလိုပဲ ပါဆယ် အိတ်လှလှလေးတွေ အစီစီ အရီရီ
ဒါနဲ့ တိုက်လှေခါးတခံခါးကိုဖွင့် တော့ သူပြောတဲ့ ငါးလွှာကို တက်မယ်ထင်တာ။ မယ်မင်းကြီးမက အဲ့ လှေခါးမှာပဲ အပေးယူလုပ်တာ ကိုယ်က မရဘူး အိမ်ပေါ်သွားမယ် ပစ္စည်းစစ်မယ်ဆိုတော့ ဒီအောက်မှာပဲယူပါတဲ့။ ဟိုတနေ့က deli အိမ်ပေါ်မှာ အပ်တာ deli သမားက ဖုန်းခိုးသွားလို့ အဖေက သောင်းကျန်းနေလို့ ခု အိမ်ပေါ်မခေါ်ရဲဘူးတဲ့။
စိတ်ထဲ ဘဝင်မကျဘူး။ ထုတ်ထားတာ အားလုံးလှလှပပ အာ့ဆိုလဲ ကားက အကျယ်ကြီး ကားပေါ်မှာ စစ်မယ်ဆိုတော့ ကောင်မ အခက်တွေ့ပြီး အာ့ဆိုနောက်နေ့ ဆိုင်မှာချိန်းပြီး ဆိုင်လာယူပါတဲ့ အိုကေ ရတယ် အစ်မက ပိုက်ဆံ အများကြီးကြိုရှင်းပေးရတာ..ပစ္စည်းတခုချင်းဖြေကြည့်ပြီး စစ်လို့ရမှ ခေါ်လိုက်လို့ အဲ့ကျမှ အပ်ပါလို့ပြောပစ်လိုက်တယ်။
သူက အရုပ်ကလေးတရုပ် လက်ဆောင်ပေးတယ်။ အစ်မ သမီးလေး အတွက်ပါတဲ့ ကိုယ်ကြောင်သွားတယ်။ အစ်မ wall ထဲ ဝင်ကြည့်တာ အစ်မ သမီးလေးရှိလို့ လက်ဆောင်ပေးဖို့ဝယ်ထားတာယူသွားပါတဲ့ နောက်တကြိမ်အတွက် မြူဆွယ်လိုက်တာ။
မယူဘူးလုပ်တော့ အတင်းပေးလိုက်တာ အဲ့ အရုပ်ကို တရက် အိမ်ထဲ မသွင်းရဲဘူး ဘာမှန်းမသိလို့။ ပြောချင်တာ မန့်က တယောက်ပြောသလို တတ်နိုင်သူ deli စလုပ်သူကို ပစ်မှတ်ထားတာ။ ကိုယ်က သတိထားတော့အလိမ်မခံလိူက်ရဘူး သူ့မှာ အရုပ်တရုပ်နဲ့ တက်စီဖိုး ဆုံးသွားတယ်။
အဲ့ အကြောင်းစာရိုက်ဖို့ပျင်းလို့ မတင်တော့ဘူးနေတာ ခု အလိမ်ခံရတာတွေ တွေ့နေလို့ ကိုယ်တွေ့ ကိုတင်ပေးလိုက်တာ။ အသားဖြူဖြူ..ပြည့်ပြည့် မျက်နှာ ကြည်ကြည်နဲ့ ကိုယ်နဲ့ တွေ့တုန်းက ဇာဂါဝန် အတိုနဲ့ တကယ့် အလန်း ကဲ deli အကိုမောင် ညီမ အစ်မတွေ ကြည့်ရှောင်ကြပေတော့။ (Zarni Wintun)