တနေ့လုံး ကုန်စိမ်းရောင်းမှ (၄၀၀၀) ပဲ ရလို့ မျက်မှန်လေး မဝယ်နိုင်ဖြစ်နေတဲ့ အသက် (၈၃) နှစ် အဘွား

မျက်မှန်လေး ဝယ်ချင်နေတာ…ဒီနေ့ အဖွား ဝယ်နိုင်ပြီ။

အဖွား…အသက် (၈၃)နှစ်ရှိပါပြီ။ မနက် (၆)နာရီဆို သံစျေးမှာ ဟင်းသီးဟင်းရွက်လေးတွေ ရောင်းပါတယ်။ အဖွားရေ…မြင်းခွါရွက် ဘယ်လိုရောင်းလဲ ဗျ။ တစည်း – ၁၀၀ပါ သားရေ…

ချဉ်ပေါင်ကော အဖွား၊ တစည်း – ၁၀၀ ပဲ သား၊ အဖွား ဒါတွေ အကုန် ရောင်းရဖူးလား၊ ပိုတာပေါ့ သားရယ်…အဖွား ပိုရင် သိမ်းပြီ ပြန်ရတာပေါ့။

အဖွား တနေ့ ဘယ်လောက်ရပြီဆို ပြန်လဲ ဗျ။ တနေ့ ၄ထောင်လောက်ရပြီဆို အဖွား ပြန်တယ် သား။ ဟုတ် အဖွား…သား ခု ဟင်းသီးဟင်းရွက်တွေ အကုန် ယူမယ်… ဘယ်လောက်ကျလဲ တွက်ပေးပါလား

သားက ဆိုင်ဖွင့်ထားတာလား၊ ဟုတ်ဘူး အဖွား…အိမ်မှာ ချက်စားဖို့ပါ။ အားလုံး (၈၀၀၀)ကျပ်ပဲ ပေးပါ သားရယ်။ ဟုတ် အဖွား…ရော့ ၅၀၀၀၀ ကျပ်။

ဟာ…သား ပိုက်ဆံတွေ အများကြီးပိုနေတယ်၊ ဟုတ်တယ် အဖွား…ပိုတာ အဖွား လိုရာသုံးပါ။ ဝမ်းသာလိုက်တာ…အဖွား မျက်လုံးမကောင်းတော့ဘူး။ အဖွား မျက်မှန်လေး လုပ်ချင်နေတာ…ဒီနေ့ တော့ အဖွား မျက်မှန်လေး သွား လုပ်နိုင်ပြီ။ ပိုတာ အဖွား မနက်ဖြန် ဆွမ်းလောင်းမယ်…

အဖွား မျက်မှန်လေး လုပ်နိုင်ပြီ…ပျော်လိုက်တာ။ ဟုတ် အဖွား…ဒါဆို ဒီနေ့ အစောကြီး ပြန်ရပြီနော်…မျက်မှန်သွားလုပ်ပြီး အိမ် ဂရုစိုက်ပြန်ပါနော်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…ကျနော်တို့ မုန့်စားရင် ရှင်းရသလောက်တောင် မရှိတဲ့ ပမာဏကို နေ့စဉ်နဲ့အမျှ ပင်ပန်းစွာ ရှာဖွေနေရသော အဖိုးအဖွားများစွာ ရှိနေပါလား၊

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page