မန်းလူရွှင်တော်ကြီး ဦးချစ်စရာ ထောက်ပြလိုက်တဲ့ သမိုင်းထဲက အရေးကြီးစကားတခွန်း

ကျွန်တော် မတ်သံလုံနဲ့ ရင်းနှီးခဲ့တာ ဆယ်နှစ်သားအရွယ်ကပါ အဲဒီအချိန်က ရွှေနန်းတင်ဇာတ်မှာ လူရွှင်တော်စာရေးဆရာ ဦးငွေနှင်းနဲ့အဖေက ရပ်ကွက်နီးခြင်းမို့ တိုင်ပင်ဖော်တိုင်ပင်ဖက်ပါ။

သူက “မောင်နန်းတင်ဖို့ မွန်သူရဲကောင်း မတလုံကိုစဉ်ထားတယ်တဲ့ သူ့အခန်းစဉ်တွေကို ကလေးပီပီ နားထောင်တာလဲ နားမဝင်ခဲ့ပါဘူး။

အရွယ်ရောက်လာလို့ စာဖတ်နာမှ မတ်သံလုံဆိုတဲ့ လဂွန်းအိမ်ကို ရင်းနှီးချစ်ခင်ခဲ့ရပါတယ်။ သခင်က ဇုတ်ဆိုရင် ခုတ်ရမယ် (ဗညားဒလအရေးတော်ပုံ) ပြီးရင် အောင်ပွဲခံကခုန်ရမယ် သူ့အာဏာတည်မြဲရေးအတွက် မိဖုယားပါ အနှစ်မျောမရှိပေးမယ် (ဗညားဒလ) သူကကျီစယ်တာဘဲဖြစ်တယ် စစ်ကိုနိုင်အောင်တိုက်ပေးတယ်။

မတ်သံလုံကို ကျွန်တော်ချစ်တာက ပန်းကျော်ချောင်းတိုက်ပွဲဘဲ ချောင်းသဲပြင်မှာ မွန်တပ်က ဒါးတွေမြှုတ်ထားပြီး ငြိမ်းချမ်းရေးသစ္စာဆိုကြမယ်။

မွန်နဲ့မြန်မာ တယောက်စီ တွဲပြီးသွားကြချိန်မှာ မြန်မာတပ်က ဗိုလ်မှူးက မတ်သံလုံကို ဤသစ္စာကို ယုံကြည်အံ့လော (အပြည့်အစုံတော့ ရာဇာဓိရာဇ်အရေးတော်ပုံကို ဖတ်ကြပါဗျ) အဲဒီအမေးကို မတ်သံလုံဖြေတာရှင်းတယ်

“ရောင်းရင်း စစ်တွင်းသစ္စာတည်အံ့သည်လော” တဲ့ မြန်မာတပ်ပြန်လှည့်သွားတယ် မတ်သံလုံ ‌ေ-ဒါဏ်ကျတယ် ဖြေတာလဲရှင်းတယ်။

“ယောကျ်ားအချင်းချင်းဖြစ်လျက် ဥပါယ်တမျဉ်ဖြင့် အနိုင်မယူလို ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့်သာ အနိုင်ယူလိုသည်” တဲ့ မတ်သံလုံ ခေါ် လဂွန်းအိမ်တွေ များများရှိရင်တော့ဖြင့် ကြားယောင်မိပါရဲ့

“ရောင်းရင်း စစ်တွင်းသစ္စာ တည်အံ့သည်လော” “ရောင်းရင်းစစ်တွင်းသစ္စာတည်အံ့သည်လော” “ရောင်းရင်း စစ်တွင်းသစ္စာ တည်အံသည်လော”

မတ်သံလုံကိုလွမ်းနေဆဲပါဘဲ
ချစ်စရာ 22.4.2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page