ဖြေဆိုရခက်ခဲတဲ့ ကျမ်း (၅) ကျမ်းကို နှစ်ချင်းပေါက် ဖြေဆို အောင်မြင်ခဲ့တဲ့ သာသနာ့အာဇာနည် ကိုရင်လေး
ရှင်ရေဝတကိုရင်လေးသည် သက်တော် ၁၇ နှစ်အရွယ်၌ပင် ၂၈ကြိမ်မြောက် အစိုးရ နိကာယ်စာမေးပွဲတွင် ခုဒ္ဒကနိကာယဝိနယပိဋကတ် ကျမ်း(၅)ကျမ်းကို နှစ်ချင်းပေါက် ဖြေဆိုအောင်မြင်တော်မူပြီး ဝိနယဝိဒူဘွဲ့ကို ရရှိတော်မူခဲ့ပါတယ်။
ဖြေဆိုရခက်ခဲတဲ့ နိကာယ် စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သဖြင့် မြန်မာနိုင်ငံအတွက် သာသနာ့အာဇာနည်လောင်းလျာတပါး ထွက်ပေါ်လာပြီလို့ ဆိုလို့ ရပါတယ်။
ကိုရင်လေးဟာ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာတွင် ဒက္ခိဏာရုံဆရာတော် ဦးဇဝန၏တပည့်ဖြစ်ပြီး ခမည်းတော် ဦးဇော်နိုင်+ မယ်တော်ဒေါ်နီလာတို့၏ သားရတနာဖြစ်ကာ ယခုအခါ ဗုဒ္ဓတက္ကသိုလ်သို့ ဆက်လက် တက်ရောက်နေတယ်လို့ သိရပါတယ်။