မီးပွိုင့်က ကားခြစ်ကလေးတွေ တဖြည်းဖြည်းများလာတဲ့ အကြောင်းရင်းနဲ့ အချောင်လိုချင်တဲ့ စိတ်ဓာတ်

တောင်းစားတဲ့ကလေးတွေအကြောင်းပြောနေကြလို့ သူတို့အကြောင်းသိသလောက်ပြောပါမယ် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က INGO တစ်ခုတွက် Volunteer လုပ်ပြီးကလေးလေးတွေကို Foster home (မွေးစားအိမ်) ပုံစံမျိုးနဲ့ သက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးစခန်း ကိုပို့‌ပေးဘူးပါတယ်

သက်မွေး၀မ်းကျောင်းပညာကိုသင်ပေး နေစရာပေး စားစရာအသင့်ပြင်ပေးတာတောင် ကလေးတွေက ပြန်ပြေးကြပါတယ်။ တစ်ချို့တော့ ဆက်သင်ယူကြပါတယ်

တစ်ချို့ကလေးတွေရဲ့စိတ်ထဲမှာ အလွယ်ရတာကိုပဲ လုပ်ချင်စိတ်က စိုးမိုးနေတာပါ (အလုပ်ကိုမလုပ်ချင်တော့တာပါ) ဒီလိုဖြစ်ရတာက သူတို့ကိုတောင်းစားခိုင်းတဲ့လူကြီးတွေရဲ့ ပုံသွင်းမှုတွေ‌ကြောင့် အများကြီးပါပါတယ်

က‌လေးတွေနဲ့ စကားပြောကြည့်တော့ သူတို့ရဲ့၀င်ငွေက တစ်ရက်ကို ၈၀၀၀ ပတ်ခြာလို့သိရတယ် (အဲ့ခေတ်ကနဲ့တွက်ရင် နေ့စားသမားထက်များတယ်) အဲ့တော့ ကိုယ်တိုင်လုပ်မစားပဲ တောင်းစားကြတော့တာ

တစ်ချို့တွေက အိမ်ခြေမဲ့တွေ တစ်ချို့တွေက နယ်ဘက်မှာအိမ်တွေ၀င်းတွေရှိတယ် ငှားစားပြီးကို ကျူးမှာနေပြီး ဒီအလုပ်ကိုလုပ်ကြတာ တစ်ချို့တွေကတော့ လူမှုရေးပြဿာနာကိုရှောင်ပြီးပြေးရင်းကနေ ဒီဘ၀ရောက်ကုန်တာ နောက်တော့ သင်ပေးလို့ရလောက်မယ့်ကလေးကိုပဲ INGO ကလည်းလက်ခံတော့တာ ခုတော့ဘယ်လိုဖြစ်သွားပြီလည်းမသိဘူး

ဒီပြဿနာက အချောင်ရလိုစိတ်တွေစိုးမိုးလာရင် ရေရှည်မှာ ဒုစရိုက်ဂိုဏ်းပုံစံတွေ ကြီးစိုးလာမယ်လို့ ထင်မိတာပဲ။ သူတို့ကိုပြုပြင်ဖို့ကတော့ စိတ်ဓါတ်နဲ့အတွေးအခေါ်ကို ရေရှည်သွန်သင်နိုင်မှရနိုင်မယ်ထင်တယ်

လက်တလောကားခြစ်ခံရတော့ပြဿနာကတော့ ကားသမားအားလုံး အချင်းချင်းကူညီဖြေရှင်းကြမှရမှာ အာဏာပိုင်တွေရဲ့ အကူအညီလည်းလိုမယ်လို့ထင်ပါတယ် (သခင်လိပ်ကြီး)

“တောင်းစားတဲ့ စီးပွားရေးက ကောင်းတယ်” လို့ Mindset ရသွားရင် သူတို့ရဲ့ ချစ်ခင်တဲ့ သူတွေကိုပါ ခေါ်လာပါလိမ့်မယ်။ ဒီလိုပဲ “သနားပါတယ်” ဆိုပြီး ပေးတဲ့သူတွေသူ များနေရင် လမ်းမကြီးတစ်လျှောက် တောင်းစားသူတွေနဲ့ ပြည့်နေမှာပါ။

တောင်းစားတဲ့ အလုပ်က သာမန်အလုပ်ထက် ဝင်ငွေ ကောင်းလာတော့… အလုပ်လုပ် မစားချင်ပဲ တောင်းပဲ စားကြတော့မှာပေါ့။ ကျနော်ကတော့ သူတို့ကို ငွေမပေးပါ။ မုန့်လည်း မကျွေးပါ။ (ဒါဟာ သူတို့ဘ၀ကို ကယ်တင်နေတယ်လို့ပဲ သဘောထားပါတယ်။)

အားနာစွာနဲ့ ခပ်ရင့်ရင့် ပြောရရင်… “သူတောင်းစားများနေတာဟာ သူတောင်းစားတွေကို အားပေး ထောက်ပံ့သူ များနေလို့ပါ။…” (Ko Zaw Lwin Win)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page