လတ်တလော အဖြစ်များနေတဲ့ အသံနာ၊ အသံပြောင်းခြင်းကို အမြန်သက်သာစေနိုင်တဲ့ နည်းလမ်းများ
ယခုရက်ပိုင်း အဖြစ်များနေတဲ့ လည်ချောင်းနာပြီး အသံပြောင်း၊ အသံနာဖြစ်နေခြင်းကို အမြန်သက်သာစေနိုင်တဲ့ နည်းလမ်းနဲ့ ဆောင်ရန် ရှောင်ရန်များကို ဖော်ပြ ပေးလိုက်ပါတယ်-
အမြန်သက်သာအောင် ဘာတွေ လုပ်ပေးလို့ရလဲ
စကား အများကြီး မပြောပါနဲ့၊ စကားကို နည်းနိုင်သမျှ နည်းအောင်ပြောပါ၊ ဆားရည်နဲ့ အာလုတ်ကျင်းပေးပါ (Gurgle လုပ်ပါ)၊ မိမိ အိပ်ခန်းထဲမှာ ရေငွေ့ ထိန်းစက် (humidifier) ထားပါ၊ မရှိပါက ရေနွေးငွေ့ရှုပါ၊
ရေချိုးရာတွင် ရေနွေးနွေး ဖြင့်ချိုးပါ၊ ငုံဆေး တစ်မျိုးမျိုးငုံပါ (lozenges)၊ ရေများများ သောက်ပါ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သံပုရာသီးကဲ့ သို့ ကိုယ်ခံအားမြှင့်တင်ပေးသော ဟင်းခတ်အမွှေး အကြိုင်များ အသုံးပြုပါ၊
ဘာတွေ ရှောင်ရမလဲ
စကား အော်၍ပြောခြင်းကိုရှောင်ပါ၊ မိမိ အသံကို ချွေတာ သော အားဖြင့် တီးတိုးစွာ (whispering) ပြောခြင်း ကိုရှောင်ပါ (တီးတိုးစွာပြောဆိုခြင်းက ပုံမှန်ပြောဆို ခြင်းထက် အသံအိုးအား ပိုမို ဒဏ်သက်ရောက်စေပါတယ်)
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း ကိုရှောင်ပါ၊ ကော်ဖီ၊ လက်ဖက်ရည် အလွန် အကျွံသောက်ခြင်းကိုရှောင်ပါ ၊ အားလုံးပဲကျန်းမာလှပကြပါစေ…
Dr.Ei Thet Nyein, MBBS @ UM-1, MSc Sports and Exercise Medicine program @University of Leeds (ENGLAND)