မုန့်ဟင်းခါးနဲ့ နေ့တိုင်းတွဲစားနေတဲ့ ပဲကြော်ထဲက အန္တရာယ်ရှိပစ္စည်း (လောဘသားတွေ လက်ကုန်လုပ်ပြီ)
ဒီနေ့ မြောက်ပြင်ဘက်သွားရင်း မုန့်ဟင်းခါး သည်မြင်တော့ ဗိုက်ဆာတာနဲ့ ဝင်စားမိတယ်။ အရမ်းကြိုက်တာလဲ ပါတာပေါ့။
ဟယ် ကောင်းတယ် ကောင်းတယ်ဆိုပြီး အကြော်ပိုလေးနဲ့ ဟင်းရည်လေးတောင် တောင်းသောက် လိုက်သေးတယ်။ အကြော်လေးက ကောင်းလိုက်တာဆိုပြီး အကြော် လေး ၂၀၀ဖိုး အပိုရောင်းပေးပါဆိုပြီး စားမိတော့ အရမ်းကြိုက်ပြီး အထုတ်ကြီး တထုတ်လောက် ထပ်ရောင်းပေးပါ လို့ ဝယ်ရော။
ဇာတ်လမ်းက အဲ့မှာစတာပဲ။ အပိုမရှိတာမို့ ရောင်းပေးလို့မရလို့ပါတဲ့ အာ့နဲ့ ကိုယ်တွေကလည်း ကြိုက်မိရင်ဇွတ်ဆိုတော့ ပိုက်ဆံ ပေးခဲ့ပါမယ် နက်ဖြန်မှ လာယူပါ့မယ်ပြောမိရော… (သူ့အကြော် ကလည်း မွ ရွပြီး ကောင်းတာကို)
ကိုယ့်ပုံကြည့်ပြီး ဇွတ်စားတော့မယ် ရိပ်မိသွားတဲ့ ဆိုင်ရှင်က ဘယ်လိုစားမှာလည်းတဲ့ဟင် ဘာလားပေါ့…ဒီအကြော်တွေကအများကြီးစားရင် ရင်ပူတယ်တဲ့။
အဲ့တော့မှ ပလပ်စတစ် ထည့်ကြော်တာနေမှာဆိုပြီး လန့်သွားတာ အာ့နဲ့ စားလက်စ အကြော်ထုတ်လေး ဘေးချပီး အိမ်အမြန်ပြန်ပြေးပီး လက်ထိုးအန်ကြရရော…
ဗိုက်ထဲရောက်သွားရင် ဘယ်လို ဖြစ်သွားမလဲ သိချင်စိတ်နဲ့ ဖြဲရဲ ကြည့်တော့ အလား လား အကြော်တွေက ပလပ်စတစ်လိုလို ရာဘာလိုလို ဖြူဖြူတွေ လက်နဲ့ ဖျစ်လည်း မကြေဘူးနော်။
အများကြီး ရက်ရှည်စား မယ်ဆို အူပိတ်တာတို့ အူကင်ဆာတို့ အစာအိမ်ကင်ဆာတို့များ ဖြစ်မလားပဲ။ အဲဒါနဲ့ အကြော်ထုတ်ကြီး ယူပြီး မီးဖိုပေါ်တင် ပြုတ်ကြည့်ကြပြန်ရော….
အမလေးလေး ၁၀မိနစ်လောက် ပြုတ်တာတောင် ပုံစံ မပျက်တဲ့ ကိုရွှေအကြော်တွေကို လေ့လာကြည့်ကြပါ။
လမ်းပေါ်မှာ ရောင်းနေတဲ့ မုန့်ဟင်းခါး ဆိုင်တိုင်း ဒီအကြော်တွေ သုံးကြပါတယ်။ တနေ့ တနေ့ လူတွေ ဘယ်လောက်တောင် စားမိနေလဲ အစားအသောက်နဲ့ ပတ်သက်ရင် ကိုယ်တွေအိမ်က ငြုပ်သီးမှုန့်၊ ဆိုးဆေး အချိုမုန့်၊ ဆီ အတော် သတိထားကြပေမယ့် လမ်းဘေးမှာ ကိုယ်ကြိုက်တာလေးမြင်တော့လည်း မနေနိုင်မိတဲ့ အဖြစ်ကြောင့် အတော်လန့်သွားမိတယ်။
လူတွေ လူတွေ တနေ့ တနေ့ ဘယ်လောက်အဆိပ်သင့်နေကြပြီလဲ
Thae Su Hlaing