မုန့်ထွက်ဝယ်တဲ့ ၁၅ နှစ် သမီးလေးကို သုံးဘီးဆိုင်ကယ်နဲ့ တင်ခေါ်သွားတဲ့သူ (တွေ့ရင် အကြောင်းကြားပေးပါ)
ညီမလေး ပျောက်သွားလို့ပါ။ လှိုင်သာယာမှာ ပျောက်တာပါ။ ၆-၂-၂၀၂၂ ရက်နေ့ နေ့လည် ၂ နာရီလောက်ကပါ။
ညီမလေးက လှိုင်သာယာအဆင့်မြင့်မှတ်တိုင်၊ မြစင်္ကြာလမ်း ၅ ရပ်ကွက်မှာ နေတာပါ။ ခဏ မုန့်ထွက်ဝယ်ရင်းလူကြီးတယောက်နဲ့ ပါသွားတယ် ပြောပါတယ်။ အဲဒီ လူကြီးက သီရိမင်္ဂလာဈေးသစ်မှာ လုပ်တယ်လို့ နောက်ဆုံးမြင်လိုက်တဲ့လူတွေက ပြောပါတယ်။
ညီမလေးက အခုမှ ၁၅နှစ်ပါ။ အရပ်က ၅’၆”နဲ့ ပြည့်ပြည့်ဝဝလေးပါ။ အကောင်ထွားပေမဲ့ ခလေးပဲ ရှိသေးတာပါ။ ဖုန်းလဲ မပါပါဘူး။ ကူညီပြီး ရှဲ ပေးကြပါ။ ၀၉၇၅၆၇၅၇၀၁၉၊ ၀၉၉၈၁၁၅၂၂၃၁
ညီမလေးကိုခေါ်သွားတဲ့လူပါ နာမည်ထွန်းထွန်းဝင်း အသက်၃၆/၃၇ဝန်းကျင်လောက်ပါ ခလေးတယောက်အဖေပါ
လက်ရှိတယောက်တည်းနေပြီး အရက်စွဲနေတဲ့လူပါ ညီမလေးရဲ့အိမ်ဘေးက အဆောင်မှာနေတာပါ ငှားထားတဲ့သုံးဘီးဆိုင်ကယ်နဲ့ခေါ်သွားပါတယ်
ဒီခေတ်ကြီးမှာ ပြောလို့မရပေမဲ့ တို့ဆေးတို့ ဘာတို့ ဖြစ်မှာစိုးလို့ပါ။ သီရိမင်္ဂလာဈေးမှာ အလုပ်လုပ်တာ သေချာပါတယ်။
မီးမီးကို အိမ်က ရွှေလဲ ဆင်ပေးထားပါတယ်။ ကလေးအန္တရယ် ဖြစ်မှာစိုးလို့ပါ။ ကလေးက သိပ်မလည်တဲ့ကလေးမို့လို့ပါ။ တစ်ခုခုများသိရရင်ဆက်သွယ်ပေးပါ။ ထိုက်ထိုက်တန်တန်ကျေးဇူးဆပ်ပါမယ်။
Aye Sandar Kyaw