မီးပွိုင့်မှာ ဖုန်သုတ်၊ ရေဆေး၊ ကားခြစ် ခံနေရတဲ့ ပြည်သူတွေရဲ့ ရင်ထဲက အသံအစစ်အမှန်

မီးပွိုင့်တွေမှာ ကားမှန်ဆေးသလို၊ ဖုန်သုတ်သလို လုပ်ပြီး ပိုက်ဆံအတင်းတောင်း၊ မပေးရင် ကားကို ခြစ်သွားတဲ့ ကလေးတွေရဲ့ ဒုက္ခပေးခြင်းကို ခံရတဲ့ ခရီးသွားပြည်သူတွေရဲ့ ရင်ထဲက ခံစားချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်-

မီးပွိုင့်က ကလေးတွေအကြောင်းအပြောများနေလို့ ကျမကိုယ်တွေ့လေး ပြောပြချင်ပါတယ်။

သုဝဏ္ဏလမ်းဆုံမီးပွိုင့်မှာ ဖြစ်ဖူးတယ် ကလေးမလေး မီးပွိုင့် မိတော့ကားကိုအတင်းဖုန်လာသုတ်တာ ကျမကားက ဒဲ့လမ်းကြောမှာမီးပွိုင့်မိနေတာ ဘေးကကွေ့ကြောက စိမ်းနေတော့ကားတွေသွားနေကြတာ အဲ့ဒါကောင်မလေးက ကားရှေ့ဘယ်ဖက်မီးလုံးနားလောက်မှာ ရပ်ပီးဖုန်သုတ်တာ ဘေးကကွေ့ကြောက ကုန်တင်ကားကြီးကလာရော

ကုန်တင်ကားက အရမ်းရှည်တော့ ကွေ့လိုက်တဲ့အခါ ကားဖင်က ကျမကားနားထိရောက်တယ် ကလေးမလေးရပ်နေတဲ့နေရာနဲ့ကွက်တိ အဲ့ကလေးမလေးအရပ်နဲ့ ကုန်ကားအောက်ခြေနဲ့အတိလေး ကားကအရှိန်နဲ့ကွေ့လိုက်တော့ အဲ့ကလေးမလေး ခေါင်းနဲ့ကုန်ကားရဲ့အောက်ခြေက သံနဲ့ဆောင့်မိသွားပီး အရှိန်ပါတော့ ကျမကားဘောနက်ဖုံးကိုပါ သူ့နှဖူးနဲ့လာဆောင့်ရော (ကုန်ကားကသိတောင်မသိလိုက်ဘူးမောင်းထွက်သွားတာ)

ကျမမှာ ရင်တွေတုန်ပီး အော်လိုက်ရတာ ကိုယ့်ကားကမီးပွိုင့်မိပီးရပ်နေတာနော်အဲ့ဒါ ပီးကြကလေးမလေးကအော်ငိုပါလေရော ကုန်ကားနဲ့ဆောင့်တဲ့နေရာကခေါင်းကွဲသွားပီး သွေးတွေတအားထွက်လာတာ အဲ့ဒါနဲ့ လမ်းဘေးကသူတို့အဖွဲ့လို့ ထင်ရတဲ့လူကြီးတွေကို လှမ်းအော်ခေါ်ပီး လာခေါ်ခိုင်းရတယ်

တခြားဘေးက အနောက်က ကားတွေက ဆင်းလာပီး ကျမတို့ကားနဲ့မဆိုင်ကြောင်း ကုန်ကားနဲ့ထိတာဖြစ်ကြောင်းဝိုင်းပြောပေးကြလို့ တော်သေးတယ် ကားကြီးလာတာကို လုံးဝမရှောင်ပဲရပ်နေတာနော် အဲ့နေရာမှာ ကျမကားရှေ့တည့်တည့်ကို ၁လှမ်းလောက်တိုးလိုက်ရင်တောင် သူလွတ်တယ် ဒါပေမဲ့လုံးဝမတိုးဘူး ကားကြီးလဲမကြောက်ဘူးသူတို့က ကိုယ့်မှာကြားထဲက အမှုပတ်တော့မလို့ (Hay Mann)

မတင်စဖူး တင်လိုက်အုန်းမယ်။ မီးပွိုင့်မိပြီဟေ့ဆိုရင် ‌အညောင်းဖြေကျတာပေါ့ သူတို့ကို စိတ်ထဲ မထည့်မိဘူး။ ဘယ်ဘက်ကို ဘယ်တုန်းက လာလုပ်မှန်းမသိလိုက်ဘူး။ ကိုယ့်ကား ညာဘက် ဘက်မှန်ကို လာလုပ်တော့မှာ သေချာကြည့်မိတယ်။ ဆပ်ပြာရည် ဘူးလေးနဲ့ တရှီးရှီးလုပ်တယ် ပြီးတော့ စုတ်တံနဲ့ ပွတ်တယ်။ ပြီးတောင် အ၀တ်ညစ်လပတ်နဲ့ သုတ်ပြီး ပိုက်ဆံအတင်းတောင်းတယ်။

စုတ်တံကို သေချာကြည့်ကြည့် ကော်အမျှင်နဲ့ဟာ ကော့်လံပြီး ဖြာထွက်နေပြီး အဲ့တော့ အထဲက လက်ကိုင်တုတ် တံက မှန်နဲ့ ထိမှာပေါ့ သူတို့ လုပ်ပုံနဲ့က ကိုယ်က အိမ်မှာ ‌ဆေးရင်‌တောင် ရေမြှပ်နဲ့ ဖွဖွပွတ် micro fibreနဲ့ ပြန်သုတ် တယုတယ ပြုမူတာ ဗျာ။ ခုဟာက သူတို့ ဘတ်ဘတ်ဘတ် နဲ့ လာလုပ်နေတာ ကိုယ်ကားကို အခွင့်မရှိပဲ လုပ်ကိုင်နေတာတွေက ရပ်တန်းက ရပါသင့်တယ်။ ကိုယ့်ကားထဲ အတင်းချောင်းကြည့် privacy ထိတယ် နောက်ခန်းထဲ ပြူးတူးပြဲတဲနဲ့ ဝိုင်းအုံတာတွေ စိတ်တွေလဲ ညစ်ပါတယ်။

ခုကာလ က pandemic ကာလ သူတို့က maskမတပ် တပ်ရင်လဲ mask မှာက ပိုးက ပြန့်နေလောက် အစုံလျောက်ထိ လျောက်ကိုင်ပြီ mask ကို ချွတ်လိုက်တပ် လိုက်လုပ်နေတာ။ ကိုယ်က ကားစီးတာတောင် mask တပ်ထားတာ မတော် သူတို့ ဆီက နေ ကိုယ့်မိဘ ဘိုးဘွား ကူးမိရင် မသက်သာဘူး။ ဒီအခက်အခဲတွေက ကိုယ်‌တွေ့နဲ့ လူတိုင်း လမ်းပေါ်မှာ ကြုံတွေ့နေရမယ်လို့ထင်ပါတယ်။

(လှုရတန်းရတာ ကိုယ့်အတွက် နေ့စဉ်လုပ်နေတာပါ။ အဲ့လိုမျိုး တွေကျတော့ မေတ္တာတုံးတယ် မလှူချင်ဘူး။ ခြေလက်အကောင်းကြီးနဲ့ လူတိုင်းကို ‌အနှောက်အယှက်လိုက်ပေးနေတာမျိုးတွေ သည်းမခံနိုင်လို့ပါ) (Park Minji)

မေတ္တာရှင်တွေ နဲ့ အားတိုင်းမွေးဒဏ်တွေ ခံရဘူးသူ ဘယ်သူပိုများမလဲလို့…. (ခါတော်မှီလေး လာတင်တာ)

မီးပွိုင့်မိလို့ ကားရပ်ထားရင် ချေးအထပ်ထပ်နဲ့သဘက်အစုတ်ကြီးကိုင်ပြီး လက်လှမ်းမီရာ မှန်ကို လက်ထဲကိုင်လာတဲ့ရေဗူးထဲက ရေနဲ့ပက်ပြီး ပြေးသုတ်တော့တာ…။

ဒင်းတို့လက်ချက်မိသွားရင် ကားမှန်လည်း ဆီတွေဝေ့ပြီး သက်တံ့တွေပါထွက်လာရော…. တစ်ခါတစ်လေ သဘက်ထဲမှာ ကျောက်ခဲစလေးများပါလို့ကတော့… ကားမှန်နဲ့ဘော်ဒီ တော့ လွမ်းစရာဖြစ်ပြီပဲ….။

မီးပွိုင့်စိမ်းလို့ ကားထွက်မယ်ကြံရင်လည်း ကားဘေးပတ်လည်ငုံ့ကြည့်ရသေးတယ်။ မတော်တဆ ကားအောက်ထဲ ညပ်ပါသွားရင် ယာဥ်မောင်းက ပဲဟင်းစားရဦးမယ်….။

ကိုယ့်ကားနားကပ်လာလို့ သွားမငေါက်လေနဲ့ ဘယ်ကထွက်လာမှန်းမသိတဲ့ အချွန်အတပ်တွေနဲ့ ကားဘော်ဒီကို မာကင်တွေပေးသွားလိမ့်မယ်။ မကျေနပ်လို့ နရင်းဆင်းအုပ်ရင်လည်း ဘယ်ပထွက်လာမှန်းမသိတဲ့ ခေါင်းကိုင်မိဘတွေက သူတို့လက်ထဲက ငွေအကြွေအုပ်နဲ့ ပစ်ပေါက်တာကို ခံရဦးမယ်။ (အကြွေအုပ်တင် သောင်းဂဏန်းရှိတယ် ဘာမှတ်)

သက်ဆိုင်ရာက တစ်နေရာမှာရှင်းလည်း နောက်တစ်နေရာမှာ အုပ်လိုက်ကြီးပေါ်လာစမြဲ…. တစ်ချို့အခြေခံလူတန်းစားတွေဟာ ခရိုနီတွေလိုပဲ အခွင့်အရေးယူတတ်ကြတာပါပဲ….. (အကြီးကြီးယူတာနဲ့ ရသလောက်ယူတာ ပဲကွာတာ) ဆင်းရဲတယ်ဆိုပြီး သနားလို့မရသလို… ချမ်းသာတယ်ဆိုပြီးလည်း အားကျလို့မရကြောင်း…… တစ်ချို့ပတ်ဝန်းကျင်တွေက ကိုယ်တိုင်ကျင်လည်ဘူးမှ အနေအထားတွေကို သိရတာ….. (Min Soe)

အခုမီးပွိုင့်တွေမှာကားဖုန်သုတ်တာလိုလိုနဲ့ ပိုက်ဆံတောင်းပီး ပိုက်ဆံမပေးရင် ကားကိုသူတို့စိတ်မထင်ရင်မထင်သလိုလုပ်တဲ့ကိစ္စလေးပါ ကျနော်ကိုယ်တိုင်လဲအများကြီးကြုံခဲ့ရပါတယ် ကျနော့်တုန်းကဆို ကျနော်ကကိုယ့်ကားကိုချစ်တဲ့အထဲပါတယ် ကားကိုအမြဲဆေး အမြဲတယုတယထားတာ တခါတလေ မအားရင်တောင် ဆိုင်မှာသေချာဆေးပီး အရိပ်တကြည့်ကြည့်နဲ့ ကျေနပ်နေတဲ့အမျိုးအစား

တခေါက်ကဆို မဂ်လာစျေးမီးပွိုင့်မှာ အဘွားကြီးတယောက် ပိတ်ထားတဲ့ကားမှန်ကို တဘုန်းဘုန်းလာရိုက်ပီး တောင်းတာ ကျနော်ဆင်းပီးတော့ကို အော်ဆဲတာ ဟုတ်တယ်လေ ကားကအစ ကျနော် ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေထားတာ သူတို့တောင်းတာ ကျနော်ပိုင်တဲ့ပစ္စည်းကို ဘာမှလာထိလိုက်စရာမလိုဘူး သဒ္ဓါရင်လှူမှာပဲ ကိုယ်က ဘယ်သူ့မှ အားကိုးထားတာ မဟုတ်ဘူး

မီးပွိုင့်က ကလေးတွေသနားပါတယ်ဆိုပီး သနားနေတဲ့ နဲနဲဉာဏ်နဲတဲ့လူတွေကသပ်သပ်ရှိတယ် အမှန်က ကလေးတွေတင်မဟုတ်ဘူး သူတို့ရဲ့နောက်မှာ ထိုင်ခိုင်းနေတဲ့ အသက်ကြီးတဲ့ နလပိန်းတုန်းတွေရှိတယ်။

အခုဆို အုပ်စုလိုက် အုံနဲ့ကျင်းနဲ့ မီးပွိုင့်တော်တော်များများမှာ တာမွေအဝိုင်းမှာလဲ မီးပွိုင့်မှာလာသုတ်တယ် အဝတ်ကအဝတ်အခြောက် မာ ကြမ်းနေတဲ့အဝတ်နဲ့ သုတ်တာက သေချာသုတ်တာမဟုတ်ဘူး ၃ ၄ချက်ပွတ်ဆွဲတာ ပီးရင်တခြားကားဘက်လှည့်တာ တချို့ပွိုင့်တွေဆို အစင်းရာထင်အောင်တခုခုနဲ့ဆွဲသွားတာက ရှိတယ်

ပေးတဲ့လူတွေရှိတယ် အဲ့လိုရှိတော့ ရောင့်တက်ပီး ထပ်လုက်ကြတယ် လုပ်တဲ့လူပိုတိုးလာတယ် သူတို့ကိုပေးရတာ ဘယ်လောက်မှမဟုတ်တာသိတယ် ဒါပေမယ့် ဒါကြီးကထုံးစံဖြစ်လို့မရဘူး ကြာရင် မပေးရင်ကားကိုတခုခုလုပ်ခံရလိမ့်မယ်ဆိုတဲ့ ဆိုက်ကိုက ပိုဆိုးလာကြလိမ့်မယ် ပေးနေတဲ့လူတွေလဲသေချာစဉ်းစားကြ မပေးတဲ့လူတွေလဲ တယောက်ကားပေါ်ကဆင်းပီးဖြေရှင်းရင် ဝန်းရံပေးကြ ဒါကရေရှည်ပိုဆိုးလာမယ့် ပြသာနာကြီး (Zaw Myo Hlaing)

အထက်ပါ အကြောင်းအရာတွေဟာ တကယ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ အသံအစစ်ပါ။ တာဝန်ရှိသူတွေ (ကိုယ့်ဟာကိုယ် တာဝန်ယူချင်ပါတယ်ဆိုပြီး အတင်းသိမ်းထားတဲ့သူတွေ) ဖြေရှင်းပေးကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page