တတိယကမ္ဘာစစ်ကြီး ဖြစ်လာခဲ့ရင် မြန်မာပြည်ကို လာသိမ်းမယ့် နိုင်ငံများ စာရင်း
တတိယကမ္ဘာစစ်ဖြစ်ရင် တခြားနိုင်ငံတွေတော့ မသိပေမယ့် မြန်မာနိုင်ငံကတော့ အသိမ်းခံရမှာသေချာတယ်။ ဒါကြောင့် လာသိမ်းမယ့်နိုင်ငံတွေကို ခုထဲကကြိုတင်လေ့လာထားတာကောင်းလိမ့်မယ်။
၁။ တရုတ်
ပထမဆုံး လာသိမ်းနိုင်တဲ့နိုင်ငံတွေထဲမှာ တရုတ်က ထိပ်ဆုံးမှာရှိနေတယ်။ မြန်မာနဲ့ကပ်ရပ်ဆိုတော့ ရွှတ်ခနဲဝင်သိမ်းလို့ရတဲ့ အခြေအနေရှိတယ်။ တစ်နိုင်ငံလုံးကလဲ တရုတ်ပစ္စည်းကိုပဲ ဖောဖောသီသီအားပေးနေရတာဆိုတော့ တရုတ်တွေနဲ့ အကျွမ်းတဝင်ရှိတယ်။
ခုလဲဒါတို့ပြေ ဒါတို့မြေ ဝပိုင်တဲ့မြေဖြစ်နေပြီဆိုတော့ ဘာမှမပြောင်းလဲသွားနိုင်ဘူး။ ရှောင်ကောကောခေတ်အရောက်မှာ အဘတွေကလဲ တရုတ်ရှိခိုးသွားမကျိုးဆိုတော့ ဘာလိုသေးလဲ။ တခုပဲ။ တစ်နိုင်ငံလုံး တရုတ်စာတော့ပြေးသင်ရမှာပေါ့။
၂။ အမေရိကန်
နောက်ထပ်လာသိမ်းနိုင်တဲ့နိုင်ငံစာရင်းမှာ အမေရိကန်ကဒုတိယလိုက်တယ်။ အမေရိကန်သိမ်းရင် ဒေါ်လာဖောဖောသီသီသုံးခွင့်ရလာလိမ့်မယ်။ မုန့်ဟင်းခါးကို ဒေါ်လာနဲ့ရှင်းလာရနိုင်တယ်။ ကြေမွစွန်းထင်းနေတဲ့ ဒေါ်လာတွေကို Exchanger တွေက အသာတကြည်လဲပေးလာလိမ့်မယ်။ ဒေါ်လာဈေးတက်တာနဲ့ မျက်နှာချီနေတဲ့ ဘဏ်မန်နေဂျာမတွေကိုလဲ ဒေါ်လာအထပ်လိုက်ပစ်ပေါက်ပြီး အပေါ်စီးကဆက်ဆံလို့ရလာမယ်။
၃။ အင်္ဂလန်
အစဉ်လိုက်စီရင် ဘိလပ်သားတွေကို တတိယနေရာပေးထားတယ်။ ဘိလပ်အင်အားက အရင်လောက်မကောင်းတော့ပေမယ့် သံယောဇဉ်မကုန်လို့ ပြန်လာရင်လာနိုင်သေးတယ်။ ပြန်ရောက်လာရင်တော့ မြန်မာပြည်ကြီးကြည့်ပြီး ဟိုက်ရှာလပတ်ရည်လို့တောင် အော်နိုင်မှာမဟုတ်ဘူး။ သူတို့စနစ်တကျဆောက်ပေးခဲ့တဲ့ ရန်ကုန်မြို့ကြီးတောင် စုတ်ပြတ်သတ်လို့။ စည်းကမ်းကြီးတဲ့ ဘိလပ်သားတွေအောက်မှာ ပရီးမီးယားလိဂ်တော့ အလကားကြည့်ရမယ်ထင်တယ်။ အဲချိန်ဆို မာနခဲ စကိုင်းနက် လဲ ဂျောင်းပဲ။
၄။ ဂျပန်
ရှေးရှေးဖက်ဆစ်ဂျပုဆိုတာ ခေတ်ကုန်သွားပြီ။ ဒီဘက်ခေတ် ဂျပန်ကတော့ လာသိမ်းစရာတောင်မလိုဘူး။ မြန်မာတွေက ကျွန်မကို လာသိမ်းပါ သိမ်းပါ ပြီးရင်အကြွေးဆပ်ပေးပါလို့ အော်နေရတဲ့အဖြစ်။ ဂျပန်လက်အောက်ရောက်ရင်တော့ တနိုင်ငံလုံး အမောင်းခံရမယ့်ဖြစ်ခြင်း။ ငပျင်းတွေ သေပြီသာမှတ်။ ဟိုက ၃၇မ င်းတွေ ဘာတွေနားမလည်ဘူး။ လာပူးတာနဲ့ ခိုင်းပြီးသားပဲ။ အလုပ်ကတော့ သူတို့လိုပဲ သေအောင်ကျေအောင်လုပ်ရမှာ။
၅။ အာရပ်
အမှန်တော့ အာရပ်နိုင်ငံတွေက အဲလောက်အင်အားကြီးတာတော့မဟုတ်ဘူး။ ဒါပေမယ့် အာရပ်မဟာမိတ်ဖွဲ့ပြီး သောက်မြင်ကပ်ပုဒ်မနဲ့ လာသိမ်းသွားရင်ဒုက္ခ။ ICJ မှာ တရားထစွဲခိုင်းတာပဲကြည့်။ အရှေ့အလယ်ပိုင်းကကောင်တွေရောက်လာရင်တော့ လက်ဆောင်အနေနဲ့ အိုင်အက်စ်အိုင်အက်စ်ပါ ပါလာနိုင်တယ်။ ဒါဆို အေအေနဲ့ အိုင်အက်စ်အိုင်အက်စ်ကို ရန်တိုက်ပေးလို့ရပြီ။ အာရပ်တွေဝင်လာရင် တလင်တမယားစနစ်လဲပျောက် မယားပြိုင်ခေတ်လဲရောက်။ စနိုက်ကျော်တွေ ဖုန်ထကြတော့မယ်။ ယောကျ်ားထုကြီးကတော့ ဘီယာလေးစုပ်ရင်း ပွဲကြည့်လို့ရပြီ။
၆။ တောင်ကိုရီးယား
မဖြစ်နိုင်ဆုံးနိုင်ငံဆိုပေမယ့် ဘာလို့ List ထဲထည့်ထားတာလဲဆိုတော့ မိန်းမထုကြီးက လာသိမ်းစေချင်လို့ပဲ။ မသိမ်းပါဘူးဆိုလဲ ထမီမပြီး အတင်းသွားအသိမ်းခံမယ့် သဘောရှိတယ်။ ကိုရီးယားသာသိမ်းလိုက်လို့ကတော့ တနိုင်ငံလုံးအပွင့်ပဲ။ ဘဝတွေနေ့ချင်းပြီး ပြောင်းကုန်ကြမှာ။ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ ဈေးထိုးကျသွားနိုင်တယ်။
တခုသတိထားရမှာက တောင်ကိုရီးယားကို သွားအသိမ်းခံတာ မျက်စိလည်လမ်းမှားပြီး ဖက်တီးရဲ့မြောက်ကိုရီးယားထဲရောက်သွားလို့ကတော့ နားကားပြီပဲ။ တနိုင်ငံလုံး သူ့မယားဖြစ်သွားအုံးမယ်။
ဒါတွေကတော့ တတိယကမ္ဘာစစ်ဖြစ်ခဲ့ရင် မြန်မာပြည်ကို သိမ်းနိုင်တဲ့နိုင်ငံစာရင်းပါ။ ဖြစ်နိုင်ချေရှိတဲ့ တခြားနိုင်ငံတွေလဲ အများကြီးကျန်ပါသေးတယ်။ ဘယ်သူလာသိမ်းသိမ်း လက်ဆောင်လေးတွေတော့ ယူလာပါလို့လမ်းကြုံရင် ပြောလိုက်ကြပါ။
Pye Paing Heing