အသက် (၁၂၈) နှစ်ရှိတဲ့ မြန်မာ့အသက်အကြီးဆုံး အဖွား ဒေါ်ထွေး ကွယ်လွန်ရှာပြီ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး အဖွားတဦးဖြစ်ည့် အဖွားဒေါ်ထွေးမှာ ယနေ့ညနေပိုင်းက လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။

အဖွားဒေါ်ထွေးမှာ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာမှာ နေထိုင်ကာ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာနိုင်ငံတွင်အသက်အကြီးဆုံး အဘွားအဖြစ်၊ ဂုဏ်ပြုခံခဲ့ရပြီး၊ ကွယ်လွန်ချိန်မှာ အသက် (၁၂၈) နှစ်ရှိပြီ ဖြစ်ပါတယ်။

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာနေထိုင်တဲ့ အသက် ၁၂၈နှစ်ရှိ အဘွားဒေါ်ထွေး ကမြန်မာနိုင်ငံမှာ အသက်အကြီးဆုံး အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်ပါတယ်။ အဘွားက အစားအသောက်ကို ပုံမှန်စားပြီး တရားရှုမှတ်နေလေ့ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page