“မအအောင် သမိုင်းသင် ဆိုတဲ့” မြန်မာသမိုင်း ပညာရှင် “ဒေါက်တာသန်းထွန်း” အကြောင်း

” ဒေါက်တာသန်းထွန်း ”

ဒေါက်တာသန်းထွန်း (၆-ဧပြီ ၁၉၂၃ – ၃၀-နိုဝင်ဘာ ၂၀၀၅) သည် မြန်မာ သမိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

“ငယ်ဘဝ”

ဒေါက်တာသန်းထွန်းကို (၆ ဧပြီ ၁၉၂၃ – ၃၀ နိုဝင်ဘာ ၂၀၀၅) ကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာတွင် အဖ ဦးဖိုးတွေ၊ မိခင် ဒေါ်သင်တို့က ၁၉၂၃၊ဧပြီလ ၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ ကုန်းဘောင်ခေတ် မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းတွင် ပါဝင်သော မောင်လူကြီး ဆိုသူသည် ဒေါက်တာသန်းထွန်း၏မိခင် ဒေါ်သင်၏ အဘိုးဖြစ်သည်။ ဒေါက်တာသန်းထွန်းသည် မွေးချင်း ညီအစ်ကိုမောင်နှမ ၅ ဦး အနက် ၄ ယောက်မြောက် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မွေးရပ်မြေ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အာရှလူငယ် အစည်းအရုံးတွင် အတွင်းရေးမှူးအဖြစ် စတင်ပါဝင်ခဲ့သည်။ ဖက်ဆစ် ဂျပန် တော်လှန်ရေးအတွက် ၁၉၄၄ ခုနှစ်တွင် ငါးသိုင်းချောင်း မြို့နယ်တွင် ဖွဲ့စည်းခဲ့သော ဖဆပလ၏ ပထမဆုံးဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) တွင်ပါဝင်ခဲ့သည်။

“ပညာရေး ပြင်ဆင်”

၁၉၃၉ ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ်၏ ကျောင်းသား ခေါင်းဆောင် အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနစ် ကျောင်းသားညီလာခံတွင် ဥက္ကဋ္ဌ နေရာအတွက် ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ရာတွင် ဒေါက်တာသန်းထွန်းနှင့် ဦးသန်းတို့က မဲတူနေရာ သဘာပတိ ဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် မှ ၎င်း၏ သဘာပတိမဲဖြင့် (casting-vote) ဒေါက်တာသန်းထွန်းအား ကျောင်းသား ဥက္ကဋ္ဌ ဖြစ်စေခဲ့သည်။

၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေး ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ လက်ဝဲကွန်မြူနစ် စာပေများကို သဘောကျသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ.က.ပ) ဝင် အဖြစ်ခံယူခဲ့သော်လည်း ၁၉၄၈ ခုနှစ်မှ စ၍ နိုင်ငံရေး သမားဘဝကို စွန့်လွှတ်ခဲ့သည်။ ကွန်မြူနစ်ပါတီမှ ထွက်ပြီးနောက် ရန်ကုန်တက္ကသိုလ် သမိုင်း နည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ချိန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဒေါ်ခင်ရီ နှင့်အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၅ ယောက် ထွန်းကား ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်း ဖြင့်ဘွဲ့ရခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် သမိုင်းဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ဥပဒေ သင်တန်း တက်ခဲ့ပြီး ၁၉၅၂တွင် ဥပဒေဘွဲ့ ရခဲ့သည်။ ထို့နောက် ကိုလံဘိုစီမံကိန်း ဖြင့် အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်မှ ပညာသင်ဆုရရှိကာ အစိုးရပညာတော်သင် အဖြစ်လည်း အရွေးခံရသော်လည်း မိမိဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်တွင် ၁၉၅၂ မှ ၁၉၅၆ အထိ ပါရဂူသင်တန်း တက်ကာ ပုဂံခေတ် ဗုဒ္ဓဘာသာ Buddhist Church in Pagan Period စာတမ်းကို တင်သွင်း၍ အရှေ့တဝှမ်းနှင့် အာဖရိကဆိုင်ရာပညာကျောင်းမှ ပါရဂူဘွဲ့ ရရှိခဲ့သည်။

“စာပေသင်ကြားပို့ချခြင်း ပြင်ဆင်”

၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရပြီး ၁၉၆၅ မှ ၁၉၈၂ အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ တိုကျိုတက္ကသိုလ် အရှေတောင်အာရှ ပညာဌာနသို့ ထွက်ခွာခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် မြန်မာပညာရေးဌာနမှ အငြိမ်းစားယူခဲ့သည်။ တိုကျိုတက္ကသိုလ်နိုင်ငံခြားပညာဌာန၊ အာဖရိကနှင့် အာရှဘာသာစကားနှင့် ယဉ်ကျေးမှုပညာဌာန၊ တိုကျို ခရစ်ယာန်တက္ကသိုလ်နှင့် အိုဆာကာမြို့ အိုဆာကာ တက္ကသိုလ်တို့တွင် သုတေသနပြုသူနှင့် ဧည့်ပါမောက္ခအဖြစ် ၅ နှစ်အကြာမျှ တာဝန်ယူခဲ့သည်။

ထို့နောက် ဒေါက်တာသန်းထွန်းသည် အမေရိကန်ပြည်ထောင်စုသို့သွားရောက်ကာ မြောက်အီလီနွိုင်းတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုတက္ကသိုလ်မှ စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်းခံခဲ့ရသည်။ စာမျက်နှာ ၇၆၀၀ ရှိသော ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်များကို ပြုစုရေးသားထုတ်ဝေခဲ့သည့်အပြင် ရှေးခေတ်မြန်မာ့သမိုင်းနှင့် ဆိုင်သော အခြားစာပေများကို ရေးသားပြုစုခဲ့သည်။ သို့သော် အများစုမှာ မြန်မာဆင်ဆာအဖွဲ့၏ တင်းကျပ်မှုကြောင့် ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပါ။

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် လန်ဒန်တက္ကသိုလ်မှချီးမြှင့်သော စာပေ ပါရဂူဘွဲ့ ကိုလက်ခံရရှိခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာရှင် ကြီးများရှေ့မှောက်တွင်ဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်တိုင် အပ်နှင်းသော D.Litt. ကို လက်ခံရယူသည်။ မြန်မာပြည်သို့ ၁၉၉၀ ခုနှစ်၌ ပြန်လည်ရောက် ရှိပြီး ၁၉၉၁တွင် မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် အဘိဓာန် ပြုစုရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ်လည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ မြန်မာ့သမိုင်းကော်မရှင်၏အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။

၁၉၉၃ မှ ၂၀ဝ၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ အရှေ့တိုင်း ပညာဌာန အစရှိသည့် ဌာနများတွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် ပညာရေးဆိုင်ရာ အမြင့်မားဆုံးဆု တစ်ခုဖြစ်သော ဖူကူအိုကာအာရှယဉ်ကျေးမှုဆုကို အပ်နှင်းချီးမြှင့်ခြင်းခံခဲ့ရသည်။

“သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောက်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။”

“နိုင်ငံရေး ပြင်ဆင်”

၁၉၄၆ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးမရမီက အမျိုးသားနေ့အောင်ပွဲကို ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်ပြီး ဖဆပလ အဖွဲ့ချုပ်အား ဆန့်ကျင်ခဲ့သည်။ မန္တလေးတက္ကသိုလ်ကျောင်းဆရာ ဘဝတွင် အာဏာသိမ်းစစ်တပ်၏ မဆလ အရံပါတီဝင်ကြေးနှင့် လုပ်သားကောင်စီကြေးများ မထည့်ဝင်ဘဲ သပိတ်မှောက်ခဲ့သောကြောင့် မဆလပါတီက ဒေါက်တာသန်းထွန်းကို ထုတ်ပယ်ခဲ့သည်။ မကွယ်လွန်မီ နအဖ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ၏ ဆင်ဖြူ ကိုးကွယ်မှုကို ရဲဝံ့စွာ ပြစ်တင် ဝေဖန်ခဲ့သည်။ “ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်၊ တိရစ္ဆာန်ကို လူဟာ ရှိမခိုးအပ်ဘူး” ဟု မှတ်ချက်ပေးခဲ့သည်။

“နောက်ဆုံးအချိန် ပြင်ဆင်”

၂၀ဝ၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့၌ မန္တလေး အမရပူရမြို့၊ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်တွင် ပြုလုပ်သည့် လူထုဒေါ်အမာ အသက် ၉၀ ပြည့်မွေးနေ့သို့ လာရောက်ဆင်နွဲပြီး၊ နောက်တစ်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီတွင် အသက် ၈၃နှစ်အရွယ်၌ သူချစ်မြတ်နိုးသော မန္တလေးတက္ကသိုလ် သမိုင်းဌာန အဆောက်အဦးအတွင်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဆရာဒေါက်တာ သန်းထွန်းသည် မြန်မာနိုင်ငံသားများအတွက် သမိုင်းဆိုင်ရာရှာဖွေမှုများနှင့် သုတေသန ပြုလုပ်မှုပေါင်းများစွာ၊ စာတမ်းနှင့် သမိုင်းဆိုင်ရာ စာပေကိစ္စပေါင်း များစွာကို အနစ်နာခံ ဆောင်ရွက်ခဲ့သော နိုင်ငံချစ် ကမ္ဘာသိ ပညာရှင်ကြီး ဆရာကြီး တစ်ဦးအဖြစ် မော်ကွန်းထိုးလောက်သည့် သူတစ်ဦး ဖြစ်ပေသည်။

– ပြုစုခဲ့သော စာတမ်းများ ပြင်ဆင် – ငါပြောချင်သော ငါ့အကြောင်း – မြန်မာသမိုင်း နိဒါန်း – မြန်မာအနုပညာလက်ရာပစ္စည်း – မြန်မာ့ဗုဒ္ဓသာသနိက အနုပညာလက်ရာ – မြန်မာရက်စွဲသမိုင်း(ကုန်းဘောင်ဆက်) – ကပျာကယာဂျပန်ကဗျာတစ်ရာ – ကျော်စွာ ၁၀၀ – အသစ်မြင် မြန်မာသမိုင်း – မြန်မာသမိုင်း လစ်ကွက်များ – ခေတ်ဟောင်းရာဇဝင် – ခေတ်သစ်ရာဇဝင် – မြန်မာမင်းအမိန့်တော်ပုံပေါင်းချုပ် – မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ – ပုဂံခေတ်နိုင်ငံရေးရာဇဝင် – နယ်လှဲ့ရာဇဝင် – ဝိတိုရိယနဲ့အယ်လဗတ်ပြတိုက်မှာရှိတဲ့ မြန်မာ့ အနုပညာလက်ရာပစ္စည်းတွေ – ပျူတွေ ဘယ်ရောက်သွားလဲ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page