သဲနဲ့ ကျောက်ခဲပဲ ရှိတဲ့ ကန္တာရမြေကနေ အင်အားကြီးနိုင်ငံ ဖြစ်အောင် ကြိုးစားခဲ့တဲ့ အစ္စရေး
တကယ့်ကို လေးစားအတုယူသင့်ပါတယ် .. အစ္စရေးလူမျိုးတွေဟာ Canaan လို့ ခေါ်တဲ့ နယ်ပယ် ဧရိယာကျဉ်းထဲမှာ ကန့်သတ်ခံခဲ့ရတယ်။ ဘေးပတ်လည်မှာတော့ အင်အားကြီးရန်သူတွေ ဝန်းရံနေခဲ့ပါတယ်။
ဒါကို အစ္စရေးတွေက… “အာရပ်တွေကို ငါတို့ ကျေးဇူးတင်သင့်တယ်။ သူတို့က ငါတို့ကို ပင်လယ်ထဲ နစ်မြှုပ်သေဆုံးစေချင်ခဲ့ကြတယ်။ ဒါဟာ ငါတို့ရဲ့ကြံရည်ဖန်ရည်နဲ့ တီထွင်ဖန်ဆင်းအားကို လှုံ့ဆော်ပေးခဲ့တာပဲ”လို့ ဂုဏ်ယူပြောခဲ့ကြတယ်။
အစ္စရေးဟာ ပြည်တွင်းရေးမှာ ပါလက်စတိုင်းနဲ့ ရှုပ်ထွေးနေပြီး ပြည်ပမှာ ရန်လိုတဲ့ အာရပ်နိုင်ငံတွေ ရှိပါတယ်။ ပြည်တွင်းပြည်ပ ငြိမ်းချမ်းတဲ့နိုင်ငံ မဟုတ်ခဲ့တဲ့အပြင် သဘာဝဘေးအန္တရာယ် ဆိုးဝါးတဲ့နိုင်ငံလည်း ဖြစ်တယ်။
နိုင်ငံဧရိယာ တော်တော်များများက သဲကန္တာရဖြစ်ပြီး တစ်နှစ်ပတ်လုံးမှာ မိုးကျချိန် ရက်(၃ဝ)လောက်သာရှိပါတယ်။ ရေရရှိဖို့ သူတို့ မဖြစ်မနေ အကြံထုတ်ပြီး နည်းပညာအကူ ယူရပါတယ်။ အစ္စရေးတွေဟာ ရေစက်ချနည်းကို အသုံးပြုပြီး ရေတစ်စက်တိုင်း သစ်မြစ်ထဲရောက်ရှိစေပါတယ်။ ရာသီထွက် သီးနှံတွေကို ကိုယ်တိုင် လုံလုံလောက်လောက် စားသုံးနိုင်ရုံတင်မက နှစ်စဉ်နှစ်တိုင်း ပြည်ပဝင်ငွေ ဒေါ်လာ (၂) ဘီလီယံခန့် ရှာဖွေနိုင်ခဲ့ပါတယ်။
အစ္စရေးဟာ ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြုလုပ်တဲ့ စက်ရုံ(၅)ရုံ တည်ဆောက်ခဲ့ပြီး သောက်သုံးရေ(၈ဝ%) က ပင်လယ်ရေက ရတဲ့ ရေချိုဖြစ်ပါတယ်။ လိုအပ်တဲ့ ကျန်ရှိရေကို စွန့်ပစ်ရေကနေ ပြန်လည်သုံးစွဲတာဖြစ်တယ်။
အစ္စရေးဟာ ကမ္ဘာမှာ ပြန်လည်အသုံးပြုရေကို သုံးစွဲတဲ့ ကမ္ဘာ့နံပါတ်(၁)နိုင်ငံ ဖြစ်တယ်။ စွန့်ပစ်ရေ (၈ဝ%)ခန့်ကို ပြန်လည် သုံးစွဲနိုင်ပါတယ်။ ဒုတိယဖြစ်တဲ့ စပိန်က (၂၅%)သာ သုံးစွဲနိုင်ပါသေးတယ်။ နိုင်ငံတည်ထောင်ပြီး နောက်ပိုင်း အစ္စရေးလူဦးရေ (၁ဝ)ဆခန့် မြင့်တက်ခဲ့ပေမယ့် ရေပြတ်လပ်တာမျိုး၊ မလုံလောက်တာမျိုး မရှိခဲ့ပါဘူး။
တခြားလူတွေ ဘာမှ မတတ်နိုင်တဲ့ သဲကန္တာရမှာ အစ္စရေးလူမျိုးတွေက ကောက်ပဲသီးနှံအပြည့် စိုက်ပျိုးနိုင်ခဲ့ပါတယ်။
Saw william kyaw