ထမင်း မစားရတာ (၅) ရက်ရှိပြီဖြစ်တဲ့ ပင်စင်စား အဖိုးနဲ့ အဖွားနှစ်ယောက်ရဲ့ အဖြစ်

ထမင်း မစားရတာ(၅)ရက်ရှိပါပြီ သားရယ်

မိတ်ဆွေ တဦးမှ ဖုန်းနံပါတ်ပေးလို့…အဖိုး နဲ့ အဖွားမှ ကျနော့်ဆီ ဖုန်းဆက်သွယ်လာပါတယ်။ အဖိုး အသက် (၇၈)နှစ် (အဖိုးက တုန်ချိဖြစ်နေပြီ) အဖွား အသက် (၈၈)နှစ် (အဖွားက နားတဖက်မကြား မျက်စိ တဖက်မမြင်)

သားသမီး မရှိ အရင်က အစိုးရဝန်ထမ်းတွေပါ။ ခုနေတဲ့ အိမ်လေးက အရင် ဝန်ထမ်းဘဝက ရထားတဲ့ အိမ်လေးပါတဲ့။ ကျနော့် ဖုန်းနံပါတ်လေး စာရွက်လေးပေါ်မှာ ရေးထာတာလေး ကိုင်ပြီ ထိုင်စောင့်နေရှာတယ်။

အောက်က ထမင်းနဲ့ဟင်းဝယ်ပြီ တက်သွားတော့ သားလေး လာတာ အဖွား အရမ်း ကျေးဇူးတင်ပါတယ်။ အဖွားတို့ ထမင်းမစားရတာ (၅)ရက်ရှိနေပြီ စားစရာလဲ မရှိ ပိုက်ဆံလဲ မရှိဘူးတဲ့

အဖိုးနဲ့ အဖွား အရင်က ဘယ်လို စားသောက်လဲ မေးကြည့်တော့ ပင်စာ လစာလေးနဲ့ စားသောက်တယ် ခု အဖိုးကော အဖွားကော လမ်းမလျှောက်နိုင်တော့ဘူး။

မရှက်တမ်းပြောပါ့မယ်။ ဒီပတ်ဝန်ကျင်နားက ထမင်းဆိုင်တွေက အကြွေးနဲ့ စားပါတယ်။ ရှိတဲ့ခါလဲ အကြွေးပြန်ဆပ်ပါတယ်။ ခု အကြွေးတွေများတော့ သွားမစားရဲတော့ဘူး အားနာတယ် သားရယ်။

ဟုတ် အဖိုး နဲ့ အဖွား ရော့ 100,000 Ks နော်။ အဖွားက နားမကြားတော့ အဖိုးကို ဘာလဲတဲ့ မေးတော့ အဖိုးက သားလေးက ပိုက်ဆံ (၁)သိန်းပေးတာ (အကျယ်ကြီးပြောတော့)၊ အဖွား ပိုက်ဆံလေး ချပြီ ငိုပါလေရော။

အဖွား ဘဝမှာ ခုလို (၁)သိန်းကို ခုမှ ကိုင်ဖူးတာ အဖိုးနဲ့အဖွား သူများ ပေးစားကမ်းစားလေးပဲ စားလာရတာပါ (ငိုပါလေရော ပျော်ရွှင်ခြင်းကော ဝမ်းနည်းခြင်းကော တွေ့ရတယ်)

အရမ်း ကျေးဇူးတင်ပါတယ် သားရယ်။ အဖွား မသေခင် သားလေးနဲ့ ပြန်တွေ့ချင်တယ်နော် ပြန်လာခဲ့နော်။ လာမှာပေါ့ အဖွားရဲ့ သား ထပ်လာမယ်နော် စိတ်မကောင်း မဖြစ်နဲ့တော့နော်။ ခု သားပေးတာ အဖိုးနဲ့အဖွား ကြိုက်တာ သုံးနော်။

အဖိုးနဲ့အဖွား ပျော်ရွှင်နေကြတာရော ဝမ်းနည်းနေကြတာရော မြင်တွေ့ရတယ်။ ပြန်ခါနီးထိ ကျေးဇူးတင်ကြောင်း အဖွားဆီ ရောက်အောင် ပြန်လာနော် တဖွဖွ မှာနေရှာတယ်

ဪ ကျနော် အဖိုးနဲ့အဖွားရှိနေသေးရင်ဆိုတဲ့ စိတ်လေးဖြင့် ထပ်လာပါမယ် ကတိပေးခဲ့တယ်။ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ 09-5408437

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page