“စစ်မှု မထမ်း မနေရ” ဥပဒေကို လွတ်အောင်ရှောင်တဲ့နည်းလမ်း (ဒီနေ့ခေတ်နဲ့ အတော်ကိုက်ပါတယ်)
“ဆယ်ဆဆိုး”
ဘာဘူလချောင်းနိုင်ငံရဲ့ ‘စစ်မှုမထမ်း မနေရ’ ဥပဒေအရ မိုးကြီး နဲ့ ကြည်ဆွေတို့ နှစ်ယောက်ကို စစ်တပ်က ဆင့်ခေါ်ပါတော့တယ်။ နှစ်ယောက်လုံးကလည်း စစ်တိုက်ရမှာကြောက်ကြတော့ စစ်မှု မထမ်းလိုကြဘူး။
ဒါနဲ့… စစ်သင်တန်းကို မပို့ခင် သူတို့ကို ဆေးစစ်တာပေါ့။ ပထမ မိုးကြီးကို စစ်တယ်။ ဆရာဝန်အခန်းထဲ ရောက်တော့ မိုးကြီးက ပြောတယ်…
“ဆရာ ကျနော့်မှာ လိပ်ခေါင်းရောဂါ ရှိတယ်ခမျ၊ စစ်မှုထမ်းလို့ မရလောက်ဘူးမို့လား ဆရာ” “ဒါက ကျုပ်စစ်ပြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ၊ ကဲ အဝတ်အစားတွေချွတ်ပြီး ဟိုဘက်လှည့် -င်ကုန်းပြ”
မိုးကြီးလည်း ဆရာဝန်ခိုင်းတဲ့အတိုင်း… အဝတ်အစားတွေချွတ်ပြီး -င်ကုန်းထားလိုက်တယ်။ အဲ… သူက ဒေါ်လာ ၁၀၀ တန် ၁၀ ရွက်ကို ဖင်ကြားထဲ ညှပ်ထားပြီးမှ ကုန်းထားတာတဲ့။
ဒါကို ဆရာဝန်ကတွေ့တော့… “အိုး… ဟုတ်ပါ့၊ ခများ စစ်မှုထမ်းလို့ မရဘူး” ဆိုပြီး ဆေးစစ်ချက်မှတ်တမ်းမှာ unfit (ဆေးကျ) လို့ ရေးပေးလိုက်တယ်။
ဆရာဝန်အခန်းထဲက ပြုံးပြီးထွက်လာတဲ့ မိုးကြီးကို ကြည်ဆွေက မေးတယ်… … “ဟျောင့်… အဆင်ပြေလား” “ပြေတယ်… ငါ ဆေးမအောင်ဘူး” “ဟာ… မိုက်တာပါ့လား၊ ဘယ်လိုများ လုပ်လိုက်တာလဲ” “ဒီလိုကွ…”
မိုးကြီးက သူ လုပ်ခဲ့တာကို ပြန်ပြော ပြလိုက်တယ်။ “အိုခေ…” ဆိုပြီး ကြည်ဆွေလည်း ဆရာဝန်အခန်းထဲကို ဝင်သွားတယ်။ သူကလည်း ဆရာဝန်ကို ပြောတယ်…
“ကျနော့်မှာ လိပ်ခေါင်းရောဂါ ရှိတယ် ဆရာ” “အဝတ်တေချွတ်၊ -င်ကုန်း” အဲ… အဲဒီမှာ ကြည်ဆွေက နှမြောတတ်သူဆိုတော့ ဒေါ်လာတစ်ရာတန် တစ်ရွက်ကိုပဲ ဖင်ကြားထဲ ညှပ်ထားသတဲ့။
ဆရာဝန်က ဖင်ကြားထဲက တစ်ရာတန်ကို ဆွဲယူပြီး၊ ဆေးစစ်ချက်မှာ fit (ဆေးအောင်) လို့ ရေးလိုက်တယ်။
ဒါကိုတွေ့တော့ ကြည်ဆွေက ပြောတာပေါ့…
“ဟာ… ဆရာ၊ လိပ်ခေါင်း ဖြစ်တာချင်း အတူတူ ကျနော့်ကျ ဆေးအောင်ပြီး၊ ဟိုကောင့်ကျ ဘာလို့ ဆေးကျရတာလဲ ဆရာရဲ့” ဆိုတော့…
ဆရာဝန်က ပြန်ပြောတယ်… “သူ့ရောဂါ အခြေအနေက ပိုဆိုးတယ်ကွ၊ ၁၀ ရွက်ကြီးများတောင်” “ငင့်…” အေးတာပဲ။
သန်၄ကို – ရမ်းဘာသာပြန်သည်။