ပေါက်ဖော်ကြီးရဲ့ ကြောက်စရာကောင်းတဲ့ ကြွေးမီထောင်ချောက်အတွင်း သက်ဆင်းသွားခဲ့ရတဲ့ နိုင်ငံများ

ပေါက်ဖော်ကြီးနဲ့ လက်ပွန်းတတီးပေါင်းတဲ့ တိုင်းပြည်တိုင်း အကြွေးထောင်ချောက်ထဲကျကာ နိုင်ငံရေးဆူပူအုံကြွမှုနောက်ဆက်တွဲတွေကို ခံစားနေကြရပါတယ်။

သီရိလင်္ကာဟာ ပညာရှင်တွေအတန်တန်သတိပေးတဲ့ကြားကနေ ပေါက်ဖော်ကြီးရဲ့ စီမံကိန်းကြီးတွေကို ရှေ့ဆက်တိုးရာက ခုတော့သမိုင်းမှာတခါမှ မကြုံဖူးတဲ့ စီးပွါးရေးပြသနာတွေကို ရင်ဆိုင်ကြုံနေခဲ့ရပါပြီ။

အခု ပေါက်ဖော်ကြီးရဲ့နောက်ထပ်မဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်လည်း အကြွေးထူတဲ့ပြသနာနဲ့ရင်ဆိုင်နေရကာ ဝန်ကြီးချုပ်ကို ထွက်ပေးဖို့ ပြည်သူတွေက ဆူပူဆန္ဒပြနေ ကြပါပြီ။ အင်ဒိုနီးရှားက ဒါတွေကိုသတိထားရိပ်မိကာ ပေါက်ဖော်ကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သေချာစောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာကတော့ ပေါက်ဖော်ကြီးထံအပူကပ်ကာ ယွမ်ငွေနဲ့ကျားကန်ပေးဖို့ မျက်နှာချိုသွေးနေကြရတဲ့အခြေကို ဆိုက်နေပြီး၊ ပြုသမျှ နုကြရပါတော့မည်။ ဒေါ်လာကို ဖိနှိပ်ပြီး ယွမ်ကိုတရားဝင်ငွေအဖြစ် ဘဏ်လုပ်ငန်းတွေမှာ မျက်နှာသာပေးလာတာက ပေါက်ဖော်ကြီးရဲ့ ယွမ်ကိုကမ္ဘာသုံးငွေကြေးဖြစ်လာဖို့ အိမ်မက်စီမံကိန်းမှာ မြန်မာကို တစိတ်တဒေသအဖြစ် အသုံးတော်ခံခိုင်းနေသလိုပါပဲ။ (Francis Zin)

ဆန္ဒပြမှုတွေ ကြုံတွေ့နေရတဲ့ သီရိလင်္ကာနိုင်ငံအကြောင်း သတင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းကို အစိုးရက ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြည်သူတွေ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် အစိုးရအဖွဲ့ ၀န်ကြီးတွေ ရာထူးမှနှုတ်ထွက်သွားကြပါတယ်။

၀န်ကြီး ၂၆ ဦးစလုံး နှုတ်ထွက်စာတင်ခဲ့ကြပေမယ့်လည်း ၀န်ကြီးချုပ် မာဟင်ဒါရာဂျပက်ဆာ နဲ့ သူ့ရဲ့ အကိုဖြစ်သူ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ တို့ကတော့ နှုတ်ထွက်ခြင်းမရှိသေးပါဘူး။

ရာဂျပက်ဆာမိသားစု နှုတ်ထွက်ရေးအတွက် တောင်းဆိုနေတဲ့ အမျက်ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက အစိုးရအဖွဲ့၀န်ကြီးတွေနှုတ်ထွက်မှုဟာ အဓိပ္ပါယ်မရှိကြောင်း ပြောဆိုနေကြပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ လက်ရှိမှာ ရင်ဆိုင်နေရပါတယ်။

လောင်စာဆီတင်သွင်းမှုအတွက် ပေးချေဖို့အသုံးပြုတဲ့ နိုင်ငံခြားငွေနည်းပါးခြင်း၊ နေ့တစ်၀က်သို့မဟုတ် ထို့ထက်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊ ဆေးဝါးနဲ့လောင်စာဆီပြတ်လပ်မှုတို့ကြောင့် အများပြည်သူတွေ အမျက်ဒေါသထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

ပါကစ္စတန်နိုင်ငံမှာလည်း စီးပွားရေး ကျဆင်းမှုကြောင့် ဝန်ကြီးချုပ်ကို နှုတ်ထွက်ပေးဖို့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page