မြစ်ကြီးနားမှာ ငွေစက္ကူအတုများ ပျံ့နှံ့နေ (တခြားမြို့တွေမှာရော ဘယ်လောက်တောင် ရောက်နေပြီလဲ)
မြစ်ကြီးနားရှိ ပညာရေးစင်တာတစ်ခုတွင် သင်တန်းကြေးလာရောက်ပေးသွင်းသော မိဘတစ်ဦးထံမှ ငွေစက္ကူ ၁ သောင်းတန်အတု ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု လက်ခံရရှိသူက ပြောပါတယ်။
ငွေစက္ကူအတုမှန်း မသိတဲ့မိဘတွေ ဖြစ်ကြောင်း၊ ကျောင်းလခ အဖြစ်ပေးတဲ့အထဲ ပါလာတာ ဖြစ်ကြောင်း၊ ကြည့်လိုက်တော့ အရမ်းကွာကြောင်း၊ အစစ်က ကြမ်းတယ်၊ အတုက ချောချောလေး နဲ့ ရေစာမပါကြောင်း။
၁၀၀၀၀ ဆိုတဲ့နေရာမှာ ပတ်ထားတဲ့ အရောင် က အတုမှာအရောင်ပြောင်းပြီး အစစ်မှာမပြောင်းကြောင်း၊ အွန်လိုင်းမှာလည်း ငွေစက္ကူ အတုဆိုပြီး ရောင်နေတဲ့သူတေွ ရှိကြောင်း၊ နိုင်ငံရေး မတည်ငြိမ်တာကြောင့် ပိုပျံ့နှံ့လာနိုင်ကြောင်း ပြောပါတယ်။
မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုမှန်းသိပြီး အသုံးပြုနေသူများရှိနေသလို အတုမှန်း မသိပဲ အသုံးပြုနေသူများလည်း ရှိနေသည့် အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
ငွေစက္ကူ ၁ သောင်းတန်အတု သာမက ၁ ထောင်တန် နှင့် ၅၀၀၀ တန် အတုများလည်း ပျံ့နှံ့နေသည်ကို ကြားသိရပါတယ်။
သိရသလောက်တော့ ၅၀၀ တန်၊ ၁၀၀၀ တန်၊ ၅၀၀၀ တန် အတုတွေလည်း တွေ့ရကြောင်း၊ မြစ်ကြီးနားမှာ တော်တော် ပျံ့နှံ့နေပြီ ဖြစ်ကြောင်း၊ ပိုဆိုးလာမယ့်အခြေအနေ ရှိကြောင်း၊ ခက်ခဲတဲ့ ပြည်သူတွေ အခြေခံဈေးဆိုင်အသေးတွေကို အဓိက ထားနိုင်ကြောင်း၊ အားလုံး ဂရုပြုဖို့ ပြောချင်ကြောင်း ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြစ်ကြီးနားမြို့မှာ ၅၀၀၀ တန်ငွေစက္ကူအတုတွေ့ ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။