(၂၄) နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်မည် (မုန်တိုင်းကြောင့် မိုးရွာမယ့် မြန်မာပြည်ဒေသများ)

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်ရောက်နိုင်တယ်လို့ မိုး/ဇလကထုတ်ပြန်ပါတယ်။

ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ တို့မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်အနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀) ဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ သာယာမယ်လို့ မိုး/ဇလကထုတ်ပြန်ထားပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၄)ပေကနေ (၇)ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page