ကျောင်းအုပ်ဆရာကြီး မျက်ရည် တောက်တောက်ကျခဲ့ရတဲ့ အဖြစ် (အဲဒီလို ခေတ်မျိုး ပြန်ရောက်မှာလား)

ဒို့ထ၂ က ကျောင်းအုပ်ဆရာကြီး မျက်ရည်တောက်တောက်ကျရတဲ့ အကြောင်း ပြောပြမယ်နော်။

ဒေါ်ရွှေဇင် ဖော်ကောင်လုပ်တယ်လို့ စိတ်မဆိုးနဲ့နော် အခုချိန်မှာ ဟာသ ဖြစ်နေပေမဲ့အဲဒီတုံးကတော့ကျမတို့တ တွေ (ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို) ဘယ်နေ့ပြုတ်ကျမလဲ ရင်တထိတ်ထိတ်နဲ့လေ ။ခုခေတ်ကလေးများ ဒါမျိုး ကြုံဘူးမှာ မဟုတ်လို့ (အဘတွေကြီးစိုးတဲ့ခေတ်) မျှော်နေကြ တာလေ ။

ဘယ်တုန်းကလည်းဆို (ဘဘညွန့်)ရဲ့ (မာတီမီဒီယာ) ဖွင့်ပွဲ လုံးပန်းကြစဉ်ကပေါ့။ (မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးရှင့်/ခင်မျှ) လက်အုပ်ကလေးချီ ခါးလေးညွှတ်ပြီး နှုတ်ဆက်တာကို စိတ်တိုင်းမကျနိုင် ကြဘူး။ ကျမရယ် ဦးမောင်သွင်(ကွယ်လွန်)၊ ဦအောင်မြိုင်တို့ (ပန်းချီပြခန်း) တာဝန်ကျတယ်။

ကျမတို့ကလေးများဆွဲတဲ့ ပန်းချီကားများကိုလာစစ်တဲ့ (ဘောင်းဘီချွတ်ဖြူ/စိမ်းဝတ်) က မကြိုက်တော့ ကျမတို့ကလည်း နားလှဲ့ပါးလှဲ့နဲ့ (ပန်းချီမိုးမခ) ထ၁ စာရေးကြီးဦးသိန်းတို့ရဲ့ ပန်းချီကားတွေ ငှားပြီးပြကြတယ်။ ကွန်ပြူတာတွေလည်း ဟိုနားဒီနား ငှားထားတွေချည်းဘဲ။ (လိမ်နေတာကြတာလေ)

ကျမတို့ ပန်းချီပြခန်းမှာလည်း ပန်းချီကားအများစုက ငှားထားတာပါ။ လာစစ်တဲ့ (ဗိုလ်ကြီး တိုင်းပညာရေးမှုး) ကတခါ လာလည်း မကြိုက် နှစ်ခါလာလည်းပြန်လုပ်။ ဧည့်ခံစားရိတ်က ကုန်။ “ဆရာကြီးရေ ဘယ်လိုလုပ်ကြမလဲ” ဆိုတော့ ဆရာကြီးက “ပြုတ်ချင်း ပြုတ်ရင် ငါအရင်ပြုတ်မှာပါအေ့ ညီးတို့အနေ သာကြီး” လို့ငေါက်လွှတ်ပါရော ။

ကျမတို့ကလည်းစိတ်ပူလို့ မေးရသေး “နေပေါ့”လို့။ ဗိုလ်ကြီးလာစစ်တဲ့ နေ့ကျတော့ ဆဲလိုက်သမှ (ပါးစပ်စက်သနတ်ပစ်သလား အောင်းမေ့ရ)။ ကျမတို့ ပညာရေးဌါနဆိုတာ ယဉ်ကျေးသိမ်မွေ့တဲ့ အစဉ်အလာ ကောင်းတဲ့ဌါနပါ။ (ကျမတို့ မန်း T.T.C တက်စဉ်က ကျောင်းအုပ်ကြီးမှစ၍ ကထိကဆရာ/မများက ကျမတို့ တပည့်များကို လေးလေးစားစား (ဆရာတို့/ဆရာမတို့)လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။

ကဲ အဲဒီနေ့က ကိုယ့်အဖေအရွယ် ထ၂ ကျောင်းအုပ်ဆရာကြီးကို ဘယ်လိုပြောလို့ မျက်ရည်ကျသလဲလို့ ဆရာကြီး ဦးအောင်ငြိမ်းရယ် ပြောပြစမ်းပါ။ ကျမတို့ကို ဆဲပုံတော့မပြောချင်တော့ပါဘူး။ ဒီလိုခေတ်မျိုးပြန်မရောက်ဖို့ ကျမတို့မှာ တာဝန်ရှိတယ်နော်။ (တကယ့် အဖြစ်အပျက်နော် မယုံရင် သက်ရှိထင်ရှားရှိ နေသူတွေမေးမြန်းနိုင်ပါတယ်။)

ခံစားချက်တွေ များလို့ မည်သူ့ကိုမှ အပုတ်ချလိုခြင်းမရှိပါ။ ခေတ်စနစ်တခုကို မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ အလုပ်ပြုတ်သူ၊ ကွယ်လွန်သူ၊ ဘဝကို နားကျည်းစိတ်နှင့် ရှင်သန်နေသူများကို စာနာစိတ်ဖြင့် ရေးဖွဲ့ခြင်းသာဖြစ်ပါသည်။

ကျမတို့ ပညာရေးဆိုတာ (တပြား မရှိ၊ တပည့်မရှား၊ ပီတိကိုစား၊ အားရှိပါ၏) ဆိုသလို ပီတိစားပြီး အားတင်းရှေ့ဆက်နေရသူများပါ။ ကျောင်းဆရာအလုပ်နဲ့ မချမ်းသာမှန်းသိပေမယ့် ဖျာလိပ်ခေါင်းထဲ ဝင်တိုးမိသလို တနေ့တော့ ထွက်ပေါက်တွေ့မှာဘဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်တိုးနေသူများပါ။

ကျောင်းဆရာလုပ်ရင်း အိမ်မှာ မွေးမြူရေး တွဲထားရတယ်။ ကျောင်းအားချိန် ပြင်ပအလုပ်ဝင်လုပ်ရတယ်။ ဘာကြောင့်လည်းဆို (ကျူရှင်စနစ်) ကို အားမပေးချင်လို့ပေါ့။ ကျောင်းသားလည်ပင်းညှစ်မှရမယ့် ပိုက်ဆံ၊ အချင်းချင်း သူများလျှော်ကြောင်း ကိုယ်တော်ကြောင်း တိုက်ခိုက်မှ ရမယ့် ပိုက်ဆံဟာ သမာအာဇီဝလို့လည်းကျမမထင်ခဲ့ပါဘူး။

ခုချိန်မှာတော့ ကိုယ်က သက်ပြည့်ပင်စင် ဆိုပေမယ့် ကိုယ်လာရာဘဝကို တွေးမိပြန်တော့ အော်.. (သုမန ကျောမှာဒါဏ်ရာတွေ) အပြည့်နဲ့ ပါလားကွယ်။ ဘာဘဲပြောပြော ကိုယ်အနှစ်လေးဆယ်ကျော် ကျင်လည်ခဲ့တဲ့ ကိုယ့်မိခင်ပညာရေးကို ဂုဏ်သိက္ခာ သမာဓိရှိတဲ့ ဌာန အဖွဲ့အစည်း အဖြစ် မြင်တွေ့သွားချင် လှပါပြီ။

Daw Khin Nyunt Zin

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page