သမိုင်းကြောင်းတူခဲ့ပေမယ့် ယခုအချိန်မှာ အကွာကြီး ကွာသွားပြီဖြစ်တဲ့ မြန်မာနဲ့ တောင်ကိုရီးယား

မြန်မာလူဦးရေက ၅၂ သန်းရှိသလို၊ တောင်ကိုးရီးယားလူဦးရေက ၅၁ သန်းရှိတယ်။ မြန်မာကော၊ တောင်ကိုးရီးယားကော ဂျပန်ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးကြတယ်။ ၁၉၆၂ မှာ မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးနေဝင်း က အာဏာသိမ်းခဲ့သလို၊ တောင်ကိုးရီးယားကို ဗိုလ်ချုပ်ကြီးပတ်ချောင်ဟီးက အာဏာသိမ်းခဲ့တယ်။

ဗိုလ်ချုပ်ကြီး နေဝင်း က ၂၆ နှစ် အုပ်ချုပ်ခဲ့ပြီး ချမ်းသာတဲ့ မြန်မာ နိုင်ငံ ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတယ်။ ဗိုလ်ချုပ်ကြီး ပတ်ချောင်ဟီး က ၁၇ နှစ် အုပ်ချုပ်ခဲ့ပြီး ဆင်းရဲတဲ့ တောင်ကိုးရီးယားနိုင်ငံဟာ အာရှကျားတစ်ကောင်ဖြစ်သွားတယ်။

စစ်အာဏာရှင်ချင်းတူပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းကို ပြည်သူတွေက မုန်းခဲ့ကြပြီး၊ ဗိုလ်ချုပ်ကြီးပတ်ချောင်ဟီး ကို ပြည်သူတွေက ချစ်ခဲ့ကြတယ်။ ၁၉၉၀ ဒီမိုကရေစီရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီက အနိူင်ရခဲ့သလို၊ ၁၉၉၇ ဒီမိုကရေစီရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ကင်ဒယ်ဂျွန် ဦးဆောင်တဲ့ပါတီက အနိုင်ရခဲ့တယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အဖမ်းခံရပြီး၊ ကင်ဒယ်ဂျွန်က သမ္မတဖြစ်သွားတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်အောက် ပြန်ရောက်သွားပြီး၊ အဆင်းရဲဆုံးနဲ့ အစုတ်ချာဆုံးဖြစ်သွားတယ်။ တောင်ကိုးရီးယားနိုင်ငံကတော့ ရှေ့ဆက်လျှောက်ကာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းထဲ ဝင်သွားတယ်။

တောင်ကိုးရီးယား ဂျီဒီပီက အမေရိကန်ဒေါ်လာ ၁,၆၀၀ ဘီလီယံရှိနေပေမယ့် မြန်မာ ဂျီဒီပီကတော့ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံပဲရှိသေးတယ်။ ဘယ်လိုနည်းနဲ့ပဲ လိုက်လိုက်၊ လုံးဝကို မမီတော့တာပါ။ တောင်ကိုးရီးယားပြည်သူတွေက စစ်တပ်ကို ချစ်ခဲ့တာ မဆန်းသလို၊ မြန်မာပြည်သူတွေကလည်း စစ်တပ်ကို မုန်းခဲ့တာ မဆန်းပါဘူး။

အသက် ၆၀ နဲ့အထက် တောင်ကိုးရီးယားတွေဟာ သူတို့ရဲ့ စုပေါင်းစွမ်းအားတွေနဲ့ တည်ဆောက်ခဲ့ကြတဲ့ ဒီနေ့ တောင်ကိုးရီးယားကို ကြည့်ပြီးတော့ ပျော်ရွှင်ကြည်နူး၊ ဂုဏ်ယူနေကြမယ်ဆိုတာ ယုံပါတယ်။ ကိုယ်တွေလည်း အသက် ၆၀ ပြည့်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ကြည့်ပြီးတော့ ပျော်ရွှင်ကြည်နူးပြီး၊ ဂုဏ်ယူနေချင်မိတယ်

ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ကတော့ လက်ရှိနယ်ပယ်စုံမှာ၊ ကျရာကဏ္ဍမှာ၊ တာဝန်ထမ်းဆောင်နေကြတဲ့၊ အလုပ်လုပ်နေကြတဲ့ ကျနော်တို့ လူငယ်တွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်..

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page