လွှင့်ပစ်ရမယ့် တခါသုံးဖော့ဘူးတွေကို အသုံးဝင်အောင် ပြုလုပ်နည်း (မသိသူကျော်သွား သိသူဖော်စား)

ယနေ့အချိန်မှာ တခါသုံး ဖော့ဘူးတွေကို မြန်မာပြည်အနှံ့အပြားမှာ ပေါပေါများများ သုံးနေကြပါပြီ။ အစားအသောက် သယ်ယူရမှာ လွယ်ကူပြီး ပန်းကန်နေရာမှာ အစားထိုးသုံးနိုင်တဲ့အတွက်ကြောင့် လူကြိုက် များနေကြတာ ဖြစ်ပါတယ်။

ဖော့ဘူးရဲ့ အဓိက ဆိုးကျိုးကတော့ အချိန်တိုအတွင်း သဘာဝနည်းအတိုင်း ပျက်စီးဖို့ မဖြစ်နိုင်တာကြောင့် အမှိုက်ရှုပ်စေတာပဲ ဖြစ်ပါတယ်။ စည်းကမ်း မရှိသူများက အသုံးပြုပြီး ဖော့ဘူးတွေကို ချောင်းတွေ မြောင်းတွေထဲ ပစ်ချတာကြောင့် အကုန်ပိတ်ဆို့ပြီး မိုးတွင်းမှာ ရေကြီးရေလျှ့တွေ ဖြစ်ကုန်ကြပါတယ်။

အဲဒါကြောင့် ဖော့ဘူးတွေကို ပြန်သုံးတဲ့နည်းလမ်းနဲ့ ဖော့ဘူးအသုံးပြုမှုကို လျော့ကျစေနိုင်ပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်ရင်တော့ မသင့်တော်ပါဘူး။

အခု အွန်လိုင်းပေါ်မှာ တွေ့တဲ့ နည်းတနည်းကတော့ ဖော့ဘူးစွန့်ပစ်မှုကို လျှော့ချပေးနိုင်ရုံသာမက အသုံးဝင်တဲ့ ပစ္စည်းတခုပါ ပြန်လည်ရရှိမယ့် နည်းလမ်း ဖြစ်ပါတယ်။ အဲဒီနည်းလမ်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ဖော့ဘူးတွေကို အသုံးမလိုရင် အမှိုက်ထဲ မထည့်ပါနဲ့။ ရေပြောင်အောင်ဆေးပြီး နေလှန်းပါ။

ခြောက်ရင် အဝကျယ် ပုလင်းထဲ ဓါတ်ဆီထည့် ဖေါ့တွေကိုချိုးပြီး ထည့်ပါ။ ပျော်သွားရင် သစ်သားကပ်တဲ့ကော်ရပါတယ်။

ကော်တွေထဲမှာ အပူအအေးဒဏ်ခံနိုင်တဲ့ ကော်ပါ သွပ်တွေဖာလို့လည်းရပါတယ် ဖော့က ဓာတ်ဆီနဲ့တွေ့ရင် သေးပြီး ကျုံ့သွားတဲ့ အတွက် ဓာတ်ဆီကို အနည်းငယ်သာထည့်ပါ။ (Huang Ya Hui)

အထက်ပါ နည်းလမ်းကတော့ ဖော့ဘူးတွေ စွန့်ပစ်မှုကို လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။ အလုပ်လည်း သိပ်မရှုပ်တာကြောင့် အိမ်မှာ စမ်းသပ်ကြည့်သင့်တယ်လို့ တိုက်တွန်းလိုက်ပါရစေ…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page