ပုစွန်တုပ်တွေကို ပိုးသတ်ဆေးနဲ့ ဖမ်းနေကြတာတဲ့ (လောဘသားတွေကို ပြောစရာစကား မရှိတော့ပါဘူး)

ပုစွန်တုပ်ကြိုက်သူများ သတိထားကြပါ။ ပိုးသတ်ဆေးတွေ သုံးပြီး ပုစွန်တုပ်ဖမ်းနေကြတာတဲ့… မယုံမရှိကြပါနဲ့၊ မြန်မာတနိုင်ငံလုံးနီးပါး တနိုင်တပိုင် မြစ်ချောင်းထဲမှာ ပိုးသတ်ဆေးသုံးပြီး ပုစွန်ဖမ်းနေကြတာ…

ပုံပါ စိုက်ပျိူ:ရေးသုံး ရွက်ဖျန်းပိုးသတ်ဆေးကို ရေ သဲ တို့ဖြင့် စပ်ဖျော်ပြီး ပုစွန်ရှိရာ ပွက်ရာ ရေထဲ ချလိုက်ပါတယ် နာရီဝက် ၁ နာရီလောက် စောင့်ပါ။ ပုစွန်တုပ်လေးတွေ ပုစွန်တုပ်ကြီးတွေ ရေပေါ် ပေါလော ပေါ်လာပါလေရော၊

ပုစွန်တုပ်ကြီးတွေ မူးဝေနေတဲ့ အချိန် ရေပုံးလေးထဲထည့်ပြီး နီးစပ်ရာ ဈေးမှာ ရောင်းကြ ဝယ်သူကလဲ လတ်လတ်ဆတ်ဆတ် ရတယ်ဆိုပြီး နေ့ချင်း ချက်စား၊ ပိုးသတ်ဆေးကြွင်းတွေက ဗိုက်ထဲရောက်နဲ့ ဒီလူတွေမှ ကင်ဆာ မဖြစ်ရင် ဘယ်သူတွေ ဖြစ်တော့မလဲဗျာ။

အပင်တောင်မှ ဆေးဖျန်းပြီး တပတ်နေမှ ခူးဆွတ်ခွင့် ရှိတယ်။ ဆေးကြွင်း ကုန်အောင်လို့ ပုစွန်က ဒီနေ့ဖမ်း ဒီနေ့ရောင်း ဒီနေ့ဝယ် ဒီနေ့ချက်စားကြတာ။ သမာအာဇီဝ အလုပ်တွေ ရှားလာလေ လူတွေ အသက်တိုလေ ရောဂါထူလေ။ (Ben Defra)

အထက်ပါ ပိုးသတ်ဆေးကို ကိုင်တွယ်မိခြင်း၊ စားသုံးမိခြင်းတို့ ပြုလုပ်မိပါက အရေပြားနဲ့ မျက်လုံးများ ယားယံခြင်း၊ ထုံကျင်ခြင်း၊ ပူလောင်ခြင်းများ ခံစားရနိုင်ပြီး အများအပြား ထိမိစားသုံးမိပါက ဆီးမထိန်းနိုင်ခြင်း၊ တက်ခြင်းနှင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page