ချော့လိုက် ခြောက်လိုက်နဲ့ တနေ့တမျိုး မရိုးနိုင်တဲ့ ငွေလွှဲလိမ်နည်းများ (အခုနည်းက နည်းနည်းဆန်းပါတယ်)
မနေ့က ကျမကို ဖုန်းဆက်လာပြီး ကျနော်က ကေဘီဇက်ဘဏ် ရန်ကုန် ရုံးချုပ်က မန်နေဂျာ ဘယ်သူပါပေါ့ အခုဖုန်းက ကေပေးဖွင့်ထားတာ အမ ကိုယ်တိုင်ရဲ့ နာမည်လား မေးတယ်။
ဟုတ်တယ်လို့ ပြောလိုက်တော့ အခု နံပါတ်နဲ့ တာချီလိတ်ကို သိန်း ၃၀ လွှဲဖူးသလားတဲ့ တာချီလိတ် ရဲစခန်းမှာ အမှုနဲ့ ဖမ်းထားတဲ့တယောက်ရဲ့ ကေပေးထဲမှာ အမ နံပါတ်နဲ့ငွေလွှဲငွေထုတ် လုပ်ထားတာ မိထားလို့တဲ့။
ဘဏ်ကဆိုရင် အမ ကေပေး စာရင်းကို ကြည့်လိုက်လေလို့ပြောတော့ အမ မလွှဲဘူးတာ သေချာသလားတဲ့ မလွှဲတာ သေချာတယ်ဆိုရင် ကေပေး အဟက်ခံထားရပြီနေမှာတဲ့။ မှတ်ပုံတင် နံပါတ်ပြောပါ ပြန်စစ်ရမှာမို့တဲ့။
ဆက်နားထောင်လိုက်တယ်။ ဘယ်လိုလိမ်မလဲ သိချင်လို့၊ ဘဏ်ကဆိုရင် ဘဏ်မှာ ပြန်ကြည့်လေလို့ ပြောလိုက်တော့ အမဟုတ်မဟုတ် အတည်ပြုရမှာမို့ပါတဲ့။
အကယ်၍ ငွေလွှဲထားတာဟုတ်ရင် ဒါဏ်ငွေ သိန်း ၁၀၀နဲ့ ထောင် ဘယ်နနှစ်ဆိုလား ကြောက်အောင် ခြောက်သွားသေးတာ။
အဲဒါနဲ့ အမအိမ်က ဘဏ်နဲ့နီးတယ်။ ကိုယ်တိုင် သွားစစ်လိုက်မယ်။ ပြောလိုက်တော့ ရန်ကုန် ရုံးချုပ်ကပဲသိတာတဲ့ ဘဏ်ခွဲကသိမှာ မဟုတ်ဘူးတဲ့။
အထစ်ထစ်အငေါ့ငေါ့ ပြောနေတာ ဘဏ်ပဲသွားကြည့်လိုက်မယ်ပြောပီး ဖုန်းချလိုက်တယ် သူများရေးတာ ဖတ်ဖူးပေမယ့် ကိုယ်တိုင်တော့ မနေ့ကမှ ကြုံလိုက်ရတယ်။
Kilo Nowinver