ပြည်သူတွေ လုံခြုံမှု မရှိတော့တာကို ပြလိုက်တဲ့ အဖြစ်အပျက် (YBS 35 ပေါ်မှာ ဖြစ်သွားတာပါ)
ဒီနေ့ဖြစ်သွားတာလေးနဲ့ပတ်သက်ပြီး သတိပေးချင်ပါတယ်… အားလုံးပဲ လိုင်းကားစီးကြရင် သတိပြုမိအောင်ပါ
ဒီနေ့ညနေပိုင်း YBS 35 စီးလာပါတယ်… မြို့ထဲဘက်ပြန်အလာမှာပါ… ကန်သာယာရောက်သည်အထိ မောင်းသူကော ခရီးသည်ကော အေးဆေးပါပဲ… ကိုယ်တွေကလည်း စကားပြောရင်းနဲ့စီးလိုက်လာတာပါ။
အဲ့မှာပဲ ကန်သာယာအကျော် နောက်မှတ်တိုင်ရောက်ခါနီးမှာ ခရီးသည်တွေ ဆင်းပြေးကုန်ကြတယ်… ကိုယ်တွေလည်း “ဘုံး” ပေါက်ကွဲတယ်ထင်ပြီး ၂ ယောက်သား ဆင်းပြေးကြတာပါ… ပြီးမှ မြင်လိုက်ရတာက “လူလတ်ပိုင်းကောင်တစ်ယောက်က YBS ယာဉ်မောင်းကို -ားနဲ့ထောက်ပြီး ပေါ်တင် -ားပြတိုက်တာပါ”
ယာဉ်မောင်းစီက ဖုန်းပါသွားတဲ့အပြင် ခရီသည်ကောင်လေးစီကပါ ဖုန်းပါသွားပါတယ်… ပြီးမှ သိလိုက်ရတာက ပထမ ခရီးသည်ကောင်လေးကို -ားထောက်ပြီး ပိုက်ဆံတောင်းပါတယ်တဲ့… မပေးတော့ -ားရိုးနဲ့ထုပြီး ဖုန်းယူပြီးမှ ယာဉ်မောင်းစီကို ရောက်သွားတာ…
ရုတ်တရက်ဆိုတော့ ဒီလိုပေါ်တင် -ားပြတိုက်တာကြောင့် အကုန်လုံးက အံ့အားသင့်ကုန်ကြတာ… ဟိုကောင်က ဖုန်းယူပြီးဆင်းပြေးသွားတော့… YBS စီးသူတွေ လိုက်ကြပါသေးတယ်… မမှီကြတော့ဘူး။
ပြောချင်တာက “ကိုယ်ကမိန်းကလေးမို့ ကိုယ်ကယောကျာ်းလေးမို့” အများသူငါ YBS စီးနေကြလို့ လုံခြုံတယ် မထင်ကြပါနဲ့ ဒီလိုခေတ်ကာလမကောင်းတဲ့အချိန်မှာ အားလုံး သတိနဲ့ သွားလာကြပါ။
Yang Yang