၃ သိန်းရင်းပြီး သိန်း ၃၀ အကြွေးတင်သွားကြတာကို တားဆီးနိုင်မယ့် နည်းလမ်းများ (ကိုယ်တွေ့ပါ)

အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါ။ ဘယ်စီးပွားရေးကြောင့်နဲ့မှ မဆိုင်ပါဘူး။ ရောင်းရငွေကို လုံးဝမသုံးပဲ ပြန်ပြန်ရင်းသူတိုင်း အရင်းမပြုတ်ပါဘူး။ အမြတ်မြင်ရဖို့ သုံးရဖို့ နှေးချင်နှေးမယ် ဒါပေမယ့် အရင်းပိုပိုများလာမယ်။

ပြောရတာလွယ်ပေမယ့် လူအများစုက စည်းကမ်းမရှိကြပါဘူး။ များများရောင်းရလေ များများသုံးချင်လေဖြစ်ကြပါတယ်။ သုံးလိုက်တဲ့ထဲမှာ ကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်း သတိမထားမိကြပါဘူး။ ဘယ်အချိန်မှာ သတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့။

အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေးရောင်းလို့ပါ။ ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး။ ပစ္စည်းကပြန်ဝယ်ရတော့မှာ အဲ့မှာအရင်းတွေ ထပ်ထပ် ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ။

အရင်းပြုတ်တဲ့ နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ။ စလုပ်ပြီဆိုတည်းက Negative Energy နဲ့စတော့ ထင်သလောက်မရောင်းရ အတိုးလည်းမဆပ်နိုင်ရာကနေ နောက်ဆုံးရှိတာတွေပါ အကုန်ပြုတ်ကြတဲ့အထိပေါ့​နော်။

အရင်းပြုတ်သွားတဲ့အချိန်မှ ဘာပြောကြလဲဆိုရင် ဒီစီးပွားရေးက မကောင်းဘူးအရင်းပြုတ်တယ် ဆိုတာပါပဲ။ တကယ်က ကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့ တတ်နိုင်သလောက်လေး စီးပွားရေးစလုပ်မယ်။ လူအား ဉာဏ်အား ပိုစိုက်ထုတ်မယ်။

ရောင်းရသလောက်အရင်းထဲပြန်ပြန်ထည့်မယ် စည်းကမ်းရှိမယ် မလိုအပ်တာ အရေးမကြီးတာ ဘာမှမဝယ်ပဲ သည်းခံနိုင်တယ် မျိုသိပ်ထားနိုင်တယ်ဆိုရင် Cash Flow management နိုင်တယ်ဆိုရင် စီးပွားရေးကတစ်ဖြေးဖြေးချင်းအဆင်ပြေပြီး တိုးတက်ပြောင်းလဲလာမှာပါ။

အားလုံးပဲ ငွေကြေး သေချာစီမံခန့်ခွဲနိုင်ပြီး စီးပွားရေးတိုင်း တိုးတက်အောင်မြင်ကြပါစေ
coachnountaye

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page